အခန်း ( ၈၉ )

အရှုံးပေးလိုက်ရုံပဲ

ပိုင်ရှောင်ချန်းမော့ကြည့်လိုက်သောအခါ မြောက်ဘက်၏ထိပ်သီးလက်ရွေးစင်ငါးယောက်ထဲက တစ်ယောက်ဖြစ်သော ပေဟန်လဲ့ပြုံးနေသည်ကို မြင်လိုက်ရသည်။ သူသည် နဂိုထဲက ခန့်ညားသည့်အတွက် သူ၏အပြုံးနှင့်ပေါင်းစပ်လိုက်သောအခါ သူ၏မိန်းကလေးပရိတ်သတ်များမှာ ပို၍ပင်တန်းတန်းစွဲ ဖြစ်နေတော့သည်။

သူ့ဘေးနားတွင် ပျင်းရိပျင်းတွဲထိုင်နေသော ညမင်းသားကို ခေါင်းပုတ်လိုက်ရင်း ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည်။ ညမင်းသားမှာ လျှိ့ဝှက်ဆန်းကြယ်သောအရောင်များတောက်နေသည့် မျက်လုံးကြီးများဖြင့် မတ်တတ်ထလာတော့သည်။

ထိုခွေးကြီးစတင်လှုပ်ရှားလာသောအခါ မြောက်ပိုင်းဂိုဏ်းသားများ၏ အားပေးသံများထွက်လာတော့သည်။

ညမင်းသားသည် သုံးမီတာခန့်မြင့်ကာ ကြွက်သားများမှတောင့်တင်းလွန်းလှ၍ အဆုံးမရှိသော စွမ်းအားများဖြင့် ပြည့်နှက်နေသည့်အလားပင်။ ၎င်း၏ခေါင်းမှာ ပြီးမားလွန်းလှပြီး ပါးစပ်ထဲမှထိုးထွက်နေသော အစွယ်များမှ သွားရည်များက တစ်စက်စက်ကျနေသည်။ ၎င်း၏ အနက်ရောင် အမွှေးအရှည်ကြီးများကြောင့် ၎င်း၏ပုံစံမှာပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။

၎င်း၏ခြေထောက်များသည် လူတစ်ယောက်စာခန့် တုတ်ခိုင်ပြီး အရိုးအဆစ်များစွာ ထိုးထွက်နေသည်။ ၎င်းက တစ်ခဏမျှ ဝပ်လိုက်ပြီး ကွင်းထဲသို့ခုန်ဝင်လိုက်ကာ ခေါင်းကို​မော့၍ ဟိန်းဟောက်နေတော့သည်။

ထိုဟိန်းဟောက်သံကြီးမှာ အသံလှိုင်းတစ်ခုအလား အရပ်မျက်နှာအားလုံးကို ပျံ့နှံ့သွားသည်။ မြောက်ဘက်ဂိုဏ်းသားများ၏ အခြား သားရဲတိရစ္ဆာန်များမှာ တုန်ရီကုန်ကြပြီး ဘုရင်တစ်ယောက်ကို ခစားနေရသည့်အလား ဦးညွှတ်လိုက်ကြတော့သည်။

ပေဟန်လဲ့ကမူ ပြုံးရင်း ကွင်းထဲသို့ဝင်လာကာ တောင်ဘက်ခြမ်းမှ လူအုပ်ကို စစ်ဆေးလိုက်သည်။

” ကျနော်က မြောက်ခြမ်းက ဘေဟန်လီပါ။ ဒီနေ့ ဘယ်ရောင်းရင်းနဲ့များ တိုက်ခိုက်ရမှာလည်းမသိဘူး။” သူက တည်ကြည်လေးစားမှု အပြည့်ဖြင့် မေးလိုက်သည်။

တချိန်ထဲမှာပင် ခွေးကြီး၏ သွားရည်များက မြေကြီးပေါ်သို့ ယိုကျနေပြီး ခွေးကြီးကမူ အေးစက်ကြမ်းကြုတ်သော မျက်လုံးကြီးများဖြင့် ဘေးဘီတစ်ဝိုက်ကို ကြည့်နေသည်။ သူ၏ အစွယ်များမှာ ချက်ချင်းပင်ပို၍ ရှည်သွားသည်ဟုပင် ထင်ရသည်။ ထိုခွေးမျိုးနှင့် ရင်ဆိုင်ရသူတိုင်း တိုက်ခိုက်လိုစိတ်များ ချက်ချင်းပင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားမည်မှာ ဧကန်ပင်။ အထူးသဖြင့် ၎င်း၏နှုတ်ခမ်းကိုသပ် နေချိန်များတွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပေသည်။

သူတို့ရှေ့က အတွဲကိုကြည့်ရင်း တောင်ဘက်ခြမ်းမှလူအုပ်ကြီးမှာ တိတ်ဆိတ်နေကြသည်။ တစ်စုံတစ်ယောက် ထွက်ကာ တိုက်ခိုက်မည့်အချိန်ကို စောင့်နေကြသည်။ ပိုင်ရှောင်ချန်းကမူ ပေဟန်လဲ့နှင့် ခွေးကြီးကို တချက်ကြည့်လိုက်သည်။ အနည်းငယ် တွေးတောပြီးသောအခါ သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုပေါ်လာသည်။ ချောင်းဟန့်လိုက်ပြီး သူက ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်တော့သ​ည်။

တောင်ဘက်ဂိုဏ်းသားများစွာ၏မျက်လုံးများက သူ့ဆီသို့ ချက်ချင်းပင်ရောက်သွားသည်။ ထိုမျက်လုံးများထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေတော့သည်။ ညမင်းသားကြီး၏ အစိမ်းရောင်တောက်နေသော မျက်လုံးကြီးများကလည်း သူ့ကို မခွာတမ်းကြည့်နေတော့သည်။

တန်ခိုးအရှိန်အဝါကြီးမားသည့် သူရဲကောင်းတစ်ယောက်ပုံစံဖမ်းကာ ပိုင်ရှောင်ချန်းက မေးငေါ့ကာ ကွင်းထဲသို့ ဝင်သွားသည်။ ​အထက်တွင်မူ အကြီးအကဲကျိုး၏ငှက်က အာရုံတစိုက်နှင့် ငုံ့ကြည့်နေသည်။

” ကျုပ်က တောင်ခြမ်းက ပိုင်ရှောင်ချန်းပါ။” ပိုင်ရှောင်ချန်းက သူ့ကိုယ်သူ မိတ်ဆက်လိုက်သောအခါ ညမင်းသားကြီးမှာ ခေါင်းကိုမော့၍ အူလိုက်လေသည်။ ၎င်း၏မျက်လုံးများက ရက်စက်ကြမ်းကြုတ်ဖွယ် လက်နေ​ပြီး သတ်ဖြတ်လိုသောအငွေ့အသက်များ ထွက်ပေါ်နေကာ ပိုင်ရှောင်ချန်းဆီသို့ ဦးတည် လာနေတော့သည်။

​ပေဟန်လဲ့ကမူ ပိုင်ရှောင်ချန်း၏အဝတ်အစားကို တစ်ချက်ကြည့်လိုက်ကာ သူ၏မျက်လုံးထဲရှိ အထင်သေးမှုကိုဖုံးကွယ်ရန် မကြိုးစားတော့ပေ။
” ပိုင်ရှောင်ချန်း ဟုတ်လား။ တောင်ဘက်ခြမ်းရဲ့ အရည်ချင်းစစ်ပွဲမှာ မင်းပထမရတယ်လို့ ငါကြားတယ်။ အဲ့တာ အမှန်ပဲလား။”

ခွေးကြီး၏ သတ်ဖြတ်လိုသောအကြည့်ကြောင့် ပိုင်ရှောင်ချန်းကမူ ရန်တုန်နေသော်လ​ည်း သူက ကောင်းကင်ယံတွင်ပျံဝဲနေသော တိမ်တိုက်တစ်ခုအလား တန်ခိုးအရှိန်အဝါကြီးမားသည့် သူရဲကောင်းတစ်ယောက်ပုံစံကို မပျက်စေအောင် ထိန်းထားတော့သည်။
” မင်းနာမည် ပေဟန်လဲ့ မလား။ ငါမင်းကိုအရှုံးပေးဖို့ အခွင့်အရေးတစ်ခုပေးမယ် ”
ပိုင်ရှောင်ချန်းက အေးတိအေးစက်နှင့် ခတ်ပြတ်ပြတ် ပြောလိုက်သည်။

ပေဟန်လဲမှာ ပါးစပ်အဟောင်းသားဖြစ်နေတော့သည်။
” အရှုံးပေးရမယ်။ ဟုတ်လား ”

သူက ကမ္ဘာပေါ်ရှိ ရယ်စရာအကောင်းဆုံးပြက်လုံးကို ကြားလိုက်ရသည့်အလား ခေါင်းကိုနောက်ပစ်၍ ဟက်ဟက်ပက်ပက် အော်ရယ်လိုက်တော့သည်။ သို့သော်လည်း သူ၏မျက်လုံးများထဲတွင်မူ သတ်ဖြတ်လိုသော အရောင်များ တလက်လက်ထနေသ​ကို မြင်နိုင်သည်။

” ရယ်စရာကောင်းလိုက်တာ… ငါ့တစ်ဘဝလုံးမှာ မင်းက ငါ့ကိုဒီလိုပြောရဲ့တဲ့ ပထမဆုံးအပြင်စည်းဂိုဏ်းသားပဲ ”
သူကထိုသို့ပြောပြီး ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုကိုဖော်လိုက်​ပြီး ညမင်းသားကို ထိန်းချုပ်လိုက်တော့သည်။

ပိုင်ရှောင်ချန်းကမူ သက်ပြင်းချလိုက်သည်။ အထီးကျန်သူရဲကောင်းတစ်ယောက်အလား ပေဟန်လဲ့ကို ဝမ်းနည်းစွာစိုက်ကြည့်ရင်း ပြောလိုက်သည်။ ” ပေဟန်လဲ့… အခုအချိန်က မင်းအရှူံးပေးဖို့ နောက်ဆုံးအခွင့်အရေးနော်။ ငါတိုက်ခိုက်ရင် ငါ့ကိုယ်ငါတောင် ပြန်ကြောက်ရတဲ့အထိပဲ။ ငါမင်းကို သတိပေးတယ်နော်။ အကောင်းဆုံးကတော့ ငါ့ကို ဘေးကျပ်နံကျပ်ထဲရောက်အောင် ဖိအားလာမပေးနဲ့ ”

တောင်ဘက်ခြမ်းက လူအုပ်ကြီးကမူ ဆွံ့အနေတော့သည်။ သူတို့က ပိုင်ရှောင်ချန်းကိုကြည့်လိုက်၊ ပေဟန်လဲ့ကို ကြည့်လိုက် ရက်စက်ကြမ်းကြုတ်ဖွယ်ခွေးကြီးကို ကြည့်လိုက်နှင့် ဖြစ်နေတော့သည်။ သူ့တို့ဘယ်လိုကြည့်ကြည့် ပေဟန်လဲ့ကသာ ပို၍စွမ်းအားများစွာ ကြီးနေသည်။

သို့သော်လည်း ပိုင်ရှောင်ချန်း၏ စကားများကြောင့် တောင်ဘက်ဂိုဏ်းသားများ၏ရင်ထဲတွင် မျှော်လင့်ချက်ရောင်ချည်များပြန်၍ သန်းလာတော့သည်။ သို့သော်လည်း သူအတိတ်တွင်လုပ်ခဲ့သမျှ မနှစ်မျို့ဖွယ်များကို ပြန်တွေးမိလိုက်သောအခါ ပြန်၍ ထိတ်လန့်လာပြန်သည်။

မြောက်ဘက်ရှိ ပရိတ်သတ်များမှာမူ အော်ရယ်နေကြရင်း ရန်စသော စကားသံများထွက်လာတော့သည်။

” ဒီကောင်က မိုက်မဲတာလား ဘားလား။ ဂိုဏ်းတူအစ်ကို ပေဟန်လဲ့က ထိပ်သီးလက်ရွေးစင်ငါးယောက်ထဲက တစ်ယောက်နော်။ သူက ဝိညာဥ်စွယ်လောက် မစွမ်းပေမဲ့ ဂိုဏ်းတူအစ်ကို ဝိညာဥ်စွယ်ကတောင် သူအစွမ်းကြီးတယ်လို့ လက်ခံရတဲ့အထိပဲ။ ပိုင်ရှောင်ချန်း ဆိုတဲ့ကောင်က သူ့ကိုယ်သူ ဘာများထင်နေလဲ။ အတော် စိတ်ကြီးဝင်နေတာပဲ။”

” ဂိုဏ်းတူအစ်ကို ပေဟန်လဲ့ တစ်ယောက်ပဲ စွမ်းတာမဟုတ်ဘူးနော်။ သူ့ရဲ့ ညမင်းသားကို အကြီးအကဲတွေကတောင် ချီးကျူးထားရတာ။ သူက သားရဲတွေရဲ့ ဘုရင်ပဲ။ သူ့မှာ အင်မတန်သန်မာတဲ့ ကိုယ်ခန္ဓာနဲ့ အဆုံးမဲ့စွမ်းအင်တွေရှိတယ်။ သူ တစ်ချက်လောက်အူလိုက်ရင်တောင် လူတော်တော်များများ ထိတ်လန့် မိန်းမောသွားလောက်တယ်။ ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်ကို ကြည့်ပါအုံး။ သေးကွေးနေတာပဲ။ ညမင်းသားက သူ့ခြေထောက်ကိုဆို တစ်ချက်လောက်ကိုက်ရုံနဲ့ အပြတ်ပဲ။”

” ဂိုဏ်းတူအစ်ကို ပေဟန်လဲ့ပဲ ဒီပွဲနိုင်မှာပါဗျာ။”

ပေဟန်လဲ့ကမူ ပိုင်ရှောင်ချန်းကြောင့် အလွန် ပျော်ရွှင်နေပုံရသည်။ အေးစက်စွာ တောက်ပနေသော မျက်လုံးများဖြင့် သူက ပိုင်ရှောင်ချန်းကို သင်ခန်းစာကောင်းကောင်းတစ်ခုလောက် ပေးမည်ဟု ဆုံးဖြတ်လိုက်တော့သည်။ သတ်၍မရပါက အရေခွံဆုတ်မည်ဟုတွေးနေတော့သည်။ ထိုသို့တွေးရင်း သူက မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။

” ငါ တကယ်ပြောနေတာ… ငါ့တိုက်ကွက်တွေကို ငါတောင်ပြန်ကြောက်ရတယ်။ ”
ပိုင်ရှောင်ချန်းက တည်ကြည်စွာပြောလိုက်သည်။ သူက သက်ပြင်းချရင်း ထည့်စရာအိတ်ကိုပုတ်လိုက်သောအခါ ဆေးလုံးနှစ်လုံးထွက်လာတော့သည်။

ထိုအခါ ပေဟန်လဲ့က ရက်စက်စွာပြုံးလိုက်ပြီး သူ၏မန္တန်လက်ကွက်ကို အဆုံးသတ်လိုက်သည်။ ချက်ချင်းပင် စိတ်ထက်သန်နေသော ညမင်းသားကြီးက အူလိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ ပြေးလာနေတော့သည်။

ပေဟန်လဲ့လည်း လှစ်ခနဲလှုပ်ရှားက ညမင်းသားနှင့်အတူ ပျံသန်းလာတော့သည်။ ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းလာသောအခါ သူ၏နဖူးပေါ်မှ နေလုံးအမှတ်အသားမှ တောက်ပသောအလင်းရောင်များ ပေါ်ထွက်နေသည်။

သို့သော်လည်း သူနှင့်ခွေးကြီးတို့က ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းလာချိန်တွင် ပိုင်ရှောင်ချန်းက လေထဲသို့ ခုန်လိုက်ပြီး ဆေးလုံးတစ်လုံးကို ညမင်းသားထံသို့ လှမ်းပစ်လိုက်သည်။

လေပေါ်တွင်အော်ဟစ်နေသော ညမင်းသား၏မျက်လုံးများကမူ တောက်ပနေတော့သည်။ ထိုဆေးလုံးကို ၎င်းကအသာလေးရှောင်နိုင်ပါသော်လည်း ၎င်းက ထိုဆေးလုံးကိုလှမ်း၍ဖမ်းဆုပ်ကာ မျိုချလိုက်တော့သည်။

ထိုအခါ ထိုခွေးကြီးမှာ ချက်ချင်းတုန်ရီသွားပြီး မျက်လုံးများမှာ နီရဲလာတော့သည်။ ထစ်ချုန်းသံများပေါ်ထွက်လာပြီး ထိုခွေးကြီးမှာ ပိုကြီးမားလာကာ ဗလများပိုထွက်လာတော့သည်။

၎င်း၏ အရိုးအဆစ်များနှင့် အစွယ်များမှာလည်း တုန်လှုပ်ဖွယ်ကောင်းလောက်အောင် ပို၍ ရှည်ထွက်လာတော့သည်။

၎င်း၏ပါးစပ်မှ သွားရည်များစွာထွက်လာပြီး ခြေထောက်နှစ်ဖက်ကြားတွင် တုတ်ချောင်းကဲ့သို့အရာတစ်ခုက ဖောင်းထွက်လာတော့သည်။

၎င်း၏ တစ်ကိုယ်လုံးမှာ ရက်စက်ကြမ်းကြုတ် ကြောက်မက်ဖွယ်ကောင်းလှ၍ စကားလုံးများနှင့်ပုံမဖော်နိုင်လောက်အောင်ပင်။

၎င်း၏မျက်လုံးများမှာ ခရမ်းရောင်ပြောင်းသွားပြီး အသက်ရှူသံများမှာ မြန်လာတော့သည်။ စိတ်ရှုပ်ထွေးနေသည့်အလား ၎င်းက လက်သည်းများကို မြေကြီးထဲသို့ကုတ်တွယ်ကာ ခေါင်းကိုမော့၍ ကြောက်မက်ဖွယ်အသံကြီးဖြင့် အူလိုက်တော့သည်။ ထိုအသံကြီးကြောင့် တောင်ဘက်ဂိုဏ်းသားများမှာ မှင်တက်နေတော့သည်။

” ဘာ…. ဘာဆေးလုံးကြီးလဲ ”

” နေပါအုံး။ အဲ့ခွေးရပ်နေတဲ့ ပုံစံကို ရင်းရင်းနှီးနှီး မြင်ဖူးနေတာပါတယ်။”

မြောက်ဘက်ခြမ်းမှ ဂိုဏ်းသားများကမူ မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြတော့သည်။ ညမင်းသား၏ပြောင်းလဲမှုများမှာ သိသာထင်ရှားလွန်းလှပြီး အရင်ကကထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းလာပေသည်။ သူ၏ အပြင်ပိုင်း ခန္ဓာကိုယ်သာ ပို၍သန်မာလာသည်မဟုတ်ပဲ အရင်ကထက်ပင် ပို၍ ရူးသွပ်နေဟန်ပေါ်နေတော့သည်။ ​မြောက်ဘက်ဂိုဏ်းသားများကမူ အကြီးအကျယ် တုန်လှုပ်နေကြတော့သည်။

” အဲ့ဆေးလုံးက တော်တော်စွမ်းတာပဲ ”

” သားရဲတိရစ္ဆာန်ရိုင်းတွေကို ပိုရိုင်းသွားအောင် လုပ်နိုင်တာပဲ။”

ပရိတ်သတ်ကြီးမှာ အလွန်အမင်းအံ့အားသင့်နေကြသည်။ ပေဟန်လဲ့သည်လည်း အံ့အားသင့်နေပြီး ဘာတွေဖြစ်နေမှန်း သေချာမသိပေ။ ညမင်းသားကြီးမှာ အရင်ကထက်ပို၍ စွမ်းအားကြီးလာပါလာသော်လည်း တစ်ခုခုတော့လွဲနေပြီဖြစ်ကြောင်း သူကခံစားမိနေလေသည်။

” ငါမင်းကိုနောက်တစ်ခေါက် ထပ်သတိပေးမယ်နော်။ အရှုံးပေးလိုက်တော့။” ပိုင်ရှောင်ချန်းက မေးငေါ့ကာ တည်ကြည်စွာပြောလိုက်သည်။

ပေဟန်လဲ့၏ မျက်လုံးများကမူ သတ်ဖြတ်လိုသော အလင်းရောင်များဖြင့် တောက်ပနေတော့သည်။
” ငါက မင်းကို လက်တစ်ဖက်လောက်ပဲ ချိုးမယ်လို့ စိတ်ကူးထားတာ။ အခုမင်းက လျှို့ဝှက်ဆန်းကြယ်သလိုလို ဘာလိုလိုလာလုပ်နေမှတော့ မင်းရဲ့ ​ခြေလက်တွေအကုန် ငါချိုးပေးမယ် ”
​ပေ​ဟန်လဲ့က ဒေါသတကြီး လှမ်းအော်လိုက်သည်။

လက်ရွေးစင်တိုက်ပွဲများတွင် အ​သေသတ်ခွင့်မရှိပါသော်လည်း ပြင်းထန်သောဒဏ်ရာများကိုမူ ရှောင်လွှဲ၍မရနိုင်ပေ။ ပေဟန်လဲ့က ပြောရင်းဆိုရင်း ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားနေတော့သည်။

ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်ပြီး သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ကာမစိတ်ရွှင်ဆေးတစ်လုံးကို ပေဟန်လဲ့ဆီသို့ လှမ်းပစ်လိုက်သည်။

ထို့နောက်သူက ကွင်းအစွန်နားရောက်သည်အထိ အရှိန်ကုန်ဆုတ်ခွာသွားပြီး ထိတ်လန့်စွာမတ်တတ်ရပ်နေပြီး ပေဟန်လဲ့ကို ကြည့်နေတော့သည်။

ပေဟန်လဲ့၏ မျက်လုံးအိမ်များ ကျဥ်းသွားပြီး သူက ရှောင်ရန်ပြင်လိုက်စဥ်မှာပင် ဆေးလုံးကပေါက်ကွဲသွားပြီး အမှုန့်များထွက်လာကာ ကွင်းထဲတွင် ပြည့်နှက်သွားတော့သည်။ သူက ကြိုးစားရှောင်လိုက်ပါသော်လည်း ဆေးမှုန်အချို့မှာ သူ့ပေါ်သို့ ကျသွားတော့သ​ည်။

သူ၏ အမူအရာမှာ ပြောင်းလဲသွားသည်။ အဆိပ်ဆေးလုံးဟုထင်၍ သူကအလျင်အမြန်နောက်ဆုတ်ကာ သူ့ကိုသူ စစ်ဆေးလိုက်သည်။ သို့သော်လည်း နှစ်လိုဖွယ်ဆေးရနံ့တစ်ခုမှလွဲ၍ ကျန်ထူးဆန်းသောအရာများကို မတွေ့ရပေ။

သူက မျက်မှောင်ကြုံ့လိုက်သည်။ အခြေအနေမှာ ပို၍ပင် ထူးဆန်းရင်းထူးဆန်းလာသည်။ တိုက်ပွဲကို အဆုံးသတ်လိုက်ရန် ပြင်လိုက်စဥ်မှာပဲ အူသံကြီးတစ်ခု ပေါ်ထွက်လာတော့သည်။

ထိုအသံပိုင်ရှင်မှာ ညမင်းသားပင်ဖြစ်သည်။ သူက နီရဲနေသောမျက်လုံးများဖြင့် ပေဟန်လဲ့ဘက်သို့လှည့်ကာ အသက်ရှူသံများမြန်လာတော့သည်။

ပေဟန်လဲ့မှာမူ ရင်ခုန်နှုန်းမြန်လာတော့သည်။ သူက ထိုခွေးကိုထိန်းချုပ်ရန်ပြင်လိုက်စဥ်မှာပင် ကြောက်မက်ဖွယ်အော်ဟစ်သံကြီးတစ်သံကြောင့် အရာအားလုံးမှာ တုန်ခါသွားတော့သည်။ ထို့နောက် ညမင်းသားကြီးက သူ့ဆီသို့ပြေးလာနေတော့သည်။ သူ၏အမြန်နှုန်းမှာ အံ့သြဖွယ်ကောင်းလှသဖြင့် ပေဟန်လဲ့မှာ ရှောင်ချိန်ပင်မရလိုက်။ ညမင်းသားကြီးမှာ ချက်ချင်းပင် သူ့အပေါ် ခုန်အုပ်လိုက်တော့သည်။

” သောက်ကျိုးနည်းကွာ။ မင်းရူးနေလား။ ဘာတွေလုပ်နေတာလဲ။” ပေဟန်လဲ့က မှောင်မဲနေသောမျက်နှာဖြင့် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သို့သော်လည်း ထိုခွေးကြီးမှ သူ့ကိုလှုပ်မရအောင် တက်ဖိထားလေသည်။ ရူးနေသော ညမင်းသားကြီးကြောင့် ပေဟန်လဲ့မှာ ကြွက်သားတစ်ခုလေးတောင် လှုပ်၍မရပေ။ ထို့အပြင် ကြောက်မက်ဖွယ်အရာကြီးတစ်ခုဖြစ်တော့မည်ကို သူကရုတ်တရက်သိသွားသဖြင့် မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားတော့သည်။

တစ်ချိန်ထဲမှာပင် ပရိတ်သတ်ထဲမှ အပြင်စည်းဂိုဏ်းသားများကလည်း မနေနိုင်တော့ပဲ လည်ပင်းများကိုဆန့်တန်းကာ ဖြစ်ပျက်နေသည်များကို ကြည့်နေကြတော့သည်။ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများပင် အနီးကပ်ကြည့်ရှုနေကြသည်။ ဂိုဏ်းစောင့်အကြီးအကဲများ၏ နတ်ဘုရားအာရုံတန်းများပင်လျှင် ထိုမြင်ကွင်းကို အာရုံအပြည့်စိုက်နေကြတော့သည်။

ထို့နောက် ပေဟန်လဲ့ထံမှ သနားဖွယ်အော်သံများပေါ်ထွက်လာသောအခါ လူတိုင်းက မှင်တက်သွားတော့သည်။

” မလုပ်နဲ့ မလုပ်နဲ့။ မင်းကွာ။ အီးးးး။”
ပေဟန်လဲ့၏ သွေးပျက်မတတ်အော်ဟစ်သံများက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်စေနိုင်တော့သည်။ သူ၏အမူအရာမှာ နာကျင်ခြင်းနှင့် ဖြစ်ပျက်နေသည်များကိုမယုံကြည်နိုင်သည့် ခေါင်းရှုပ်ခြင်းများဖြင့် ရောယှက်နေတော့သည်။ တစ်ကိုယ်လုံးတုန်ရီနေပြီး သူ့မှာ အော်ဟစ်ရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။

မြောက်ဘက်ဂိုဏ်းသားများမှာ အုပ်အော်သောင်းနင်း ဖြစ်နေကြပြီး သူတို့မြင်နေသည်များကို ယုံပင်မယုံနိုင်။ သူတို့၏အသက်ရှူသံများမှာ မြန်လာပြီး မျက်လုံးများထဲတွင် တစ်ခါမှမကြုံဖူးသော အကြောက်တရားများဖြင့် ပြည့်နှက်နေတော့သည်။

” ဘုရားရေ။ အဲ့တာဘာဆေးလုံးလဲဟ။ ခွေးက ရူးသွားတာမဟုတ်ဘူး။ ကာမစိတ်ထန်သွားတာကွ။ “

” ဒါ….ဒါ..”

“ဂိုဏ်းတူအစ်ကို ပေဟန်လဲ့က သူ့သားရဲက တက်လုပ်တာကို ခံနေရတာတဲ့လား။”

ပေဟန်လဲ့မှာ ထိတ်ထိတ်ပျာပျာ ရုန်းကန်နေပြီး သနားစဖွယ် ဆက်တိုက်အော်ဟစ်နေတော့သည်။ ယခုဖြစ်နေသောအရာများမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် တစ်ခါမှမရှိခဲ့ဖူးသော ဒဏ္ဍာရီတစ်ခုအဖြစ် သမိုင်းတွင်သွားတော့မည်။

ဝိညာဉ်စွယ်ပင် မျက်လုံးပြူးကြီးများဖြင့်ကြည့်နေပြီး မယုံကြည်နိုင်မှုများနှင့်အတူ တုန်ရီနေတော့သည်။

တောင်ဘက်ဂိုဏ်းသားများ၏ အတွေးများမှာ ချာလပတ်ရမ်းနေကြပြီး ကောင်းကောင်းပင် မစဥ်းစားနိုင်တော့ပေ။ ရှမ်ကွမ်းထျန်ယုံမှာ အသက်မရှိတော့သည့်အလား ငေးကြည့်နေပြီး ကမ္ဘာကြီးမှာ အရင်ကထက်ပို၍ကြောက်မက်ဖွယ်ကောင်းပါလားဟု တွေးနေတော့သည်။ ကျိုးရှင်းချီကမူ ရှက်သွေးဖြာကာ မျက်နှာများပင် နီရဲလာတော့သည်။

ပိုင်ရှောင်ချန်းကမူ ဘေးနားတွင်ရပ်ကာ လူတိုင်းကဲ့သို့ပင် အံ့အားသင့်နေတော့သည်။ ဤအကြိမ်သည် သူ၏ ကာမစိတ်ရွှင်ဆေးကို တိုက်ပွဲတွင်သုံးဖူးသော ပထမဆုံးအကြိမ်ဖြစ်သည်။ ရလဒ်မှာ ဤကဲ့သို့ အံ့အားသင့်ဖွယ်ကောင်းမည်ဟု သူ မထင်ထားပေ။ အော်ဟစ်နေသော ပေဟန်လဲ့ကိုကြည့်ရင်း သူကသက်ပြင်းသာချမိနေတော့သည်။

အပြစ်ကင်းသောလေသံဖြင့် သူကပြောလိုက်သည်။
” ငါပြောပါတယ်။ ငါ့တိုက်ကွက်တွေကို ငါတောင်ပြန်ကြောက်ရပါတယ်လို့။ ငါမင်းကို အကြိမ်အများကြီးပြောတာတောင် မင်းက ခေါင်းမာနေတာကိုး ”

ထိုအချိန်တွင် ပေဟန်လဲ့၏ဆရာက ဒေါသတကြီးအော်ဟစ်လိုက်ကာ ဝင်တားလိုက်တော့သည်။
” ပိုင်ရှောင်ချန်းးးး ”

သူက သတ်ဖြတ်လိုသောအငွေ့အသက်များ တထောင်းထောင်းထနေပြီး ကွင်းထဲသို့ခုန်ဝင်လာကာ အင်္ကျီလက်ကို ခါရမ်းလိုက်သည့်အတွက် ညမင်းသားကြီးမှာ အဝေးသို့ လွင့်စင်သွားသည်။ ထို့နောက်သူက ယခုအခါ လုံးဝ မျက်နှာမပြဝံ့တော့သော ပေဟန်လဲ့ကို ပွေ့ချီလိုက်သည်။ သူ၏ဆရာပင်လျှင် စောစောကဖြစ်ပျက်သွားသည်များကို အစစ်အမှန်ဟု မယုံကြည်နိုင်ဖြစ်နေရသည်။ ကွင်းထဲတွင်ဆက်နေရမည်ကို ရှက်လွန်းလှ၍ သူကပိုင်ရှောင်ချန်းကို ဒေါသတကြီးကြည့်ကာ ထွက်ခွာသွားတော့သည်။

ပေဟန်လဲ့ကမူ သူရရှိခဲ့သော စိတ်ဒဏ်ရာနှင့် ကိုယ်ဒဏ်ရာများကြောင့် မျက်လုံးများပိတ်သွားကာ မေ့မြောသွားတော့သည်။ လူအများရှေ့သို့ သူထပ်၍ထွက်ရဲပါ့မလားပင် မသေချာတော့ပေ။ သူ၏နာကျည်းမှုများမှာ အိပ်မက်ဆိုးကြီးတစ်ခုကို မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရသည့်အလားပင်။

Comment

Leave a Reply

Options

not work with dark mode
Reset