အခန်း (၄၃၁)

နတ်ဘုရားစွမ်းရည် ခုနှစ်သွယ်......

စုမင်၏ အပြုံးကို မြင်သောအခါ တိုင်မူ မျက်မှောင်ကြုံ့လိုက်မိသည်။

တိုင်မူသည်သာမက မြေပြင်ပေါ်က ကြည့်ရှုနေသူများသည်လည်း စုမင်၏ အပြုံးကြောင့် အံ့အားသင့်နေကြပြီဖြစ်သည်။ စုမင်သည် နှောင်းပိုင်းရှာမန်အား ထူးခြားသောစွမ်းဆောင်မှုများဖြင့် တိုက်ခိုက်နိုင်ခဲ့သော်လည်း ထိုစွမ်းဆောင်မှုသည် သာမန်မျှသော ထူးခြားမှုတစ်ခုသာဖြစ်ပေသည်။သူတို့နှစ်ဉီးသည် အဆင့်တူချင်းတိုက်ခိုက်နေကြခြင်းမဟုတ်ပေ။

စုမင်သည် တိုင်မူအား အစွမ်းကုန်သုံး၍ တိုက်ခိုက်ခဲ့သော်လည်း တိုင်မူတွင် ဒဏ်ရာကင်းစင်နေပြီး စုမင်သည် နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေသည်။

လူတိုင်းနီးပါး၏ ခန့်မှန်းချက်အရ တိုင်မူ သည် နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရန်သာ လိုအပ်ပြီး စုမင်အနေဖြင့် ၎င်းကို လုံးဝ ခုခံနိုင်တော့မည်မဟုတ်ပေ။ စုမင်၏ တစ်ခုတည်းသော ရလဒ်သည်  သေခြင်းတရားပင်တည်း။

” ဟားးးး သူက အလယ်အလတ်အဆင့်ရှာမန်တစ်ယောက်ပဲလေ…ဘယ်လိုဖြစ်ပြီး နှောင်းပိုင်းရှာမန်ကို စိန်ခေါ်ရတာလဲ…သူအခု သေရတော့မယ်…..”

” ဒါက နှောင်းပိုင်းရှာမန်ပဲလေ…..နှောင်းပိုင်းရှာမန်ဖြစ်လာနိုင်တဲ့ မွန်းစတားအိုကြီးတွေအကုန်လုံးက နှောင်းပိုင်းရှာမန် အဆင့်မှာ အကြွင်းမဲ့အာရာရှင်တွေပဲ….အလယ်အလတ်အဆင့်ရှာမန်တစ်ယောက်အဖို့တော့ နိုင်ချေမရှိပါဘူးကွာ…”

စုမင်၏ အကြည့်များကို မြင်သည့်အခါ နန်ကုန်းဟန် ခေါင်းဆင်နင်းခံရသလို ခံစားနေကပေမယ့်လည်း မျက်ဝန်းထဲတွင် ကြည်လင်ပြတ်သားမှုများဖြစ်ပေါ်လာလေ၏။နန်ကုန်းဟန် အစီအစဉ်ဆွဲထားပြီး ပြီ….ထိုတိုက်ပွဲဖြင့် စီနီယာတိုင်မူ၏ ဒေါသကို အနည်းငယ်ပြေပျောက်စေမည် ထို့နောက် မည်သို့ပင် ဖြစ်စေ စုမင်အား ကယ်ထုတ်နိုင်ရန် တတ်နိုင်သမျှ လုပ်ဆောာင်ရပေမည်။ နန်ကုန်းဟန်၏ အဖေကိုယ်စား တိုင်မူသည် စုမင်အပေါ် ညှာတာပေးရန်သာ လိုအပ်ပေသည်။

နန်ကုန်းရှန်အတွက်မူ သူမ မျက်မှောင်ကြုတ်နေ၏။ သူမ၏ သီးသန့်ဆန်သော အကြည့်များသည် စုမင်ပေါ်တွင် ရှိနေပြီး သူမမျက်လုံးထဲတွင် မသေချာမရေရာမှုများက ပိုမိုပြင်းထန်လာသည်။

စုမင်သည် ကောင်းကင်ထက်တွင် အသက်ပြင်းပြင်းရှူရင်း လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်သည့်အခါ သူ့ရင်ဘတ်မှ အမည်းရောင်မြူခိုးလွှာတစ်ခု ချက်ချင်းစိမ့်ထွက်ကာ သူ့ပတ်ဝန်းကျင်သို့ လျှင်မြန်စွာ ပျံ့နှံ့သွားသော်လည်း တခဏချင်းတွင်နောက်တစ်ကြိမ် ပြန်လည်စုစည်းကာ တစ်ကိုယ်လုံးနက်မှောင်နေသော အရပ်ရှည်သော လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည် ။

ထိုလူ့ထံတွင် ဆံပင်မရှိပေ။ ထိုလူသည် ခေါင်းအစခြေအဆုံး နက်မှောင်နေပြီး သူ့အရေပြားသည် လရောင်အောက်တွင် အကြေးခွံမျသဖွယ် တောက်ပနေ၏။ ထိုလူ၏ မျက်ဝန်းများသည် ထင်သာမြင်သာရှိသည် အထိ အေးစက်နေပေသည်။

၎င်းသည် စုမင်၏ အ​ခြေတည်စိတ်ဝိဉာဉ်သိမ်းပိုက်ထားသော ကျိယွင်ဟိုင်၏ အလောင်းဖြစ်သည်။

ထိုကိုယ်ပွားများ ပေါ်လာသည်နှင့် အစိမ်းရောင်အလင်းတန်းတစ်ခုသည် စုမင်၏ မျက်ခုံးအလယ်ဗဟိုတွင် လင်းလက်သွားသည်။ သေးငယ်သော ဓားရှည်သည် ပျံတက်လာပြီး အေးခဲနေသော အလင်းတန်းများနှင့်လေခွင်းသံများကို လွှတ်ထုတ်ကာ ကိုယ်ပွား၏ ဦးခေါင်းထက်တွက် ပျံဝဲနေလေ၏။

ကိုယ်ပွား ထွက်ပေါ်လာသည်နှင့် မြေပြင်ပေါ်ရှိ ပွဲကြည့်နေသူများ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ၎င်းသည် စုမင်၏ ကိုယ်ပွားဖြစ်မှန်း သိနေသူများလည်း ရှိသည်။

” စိတ်ဝိဉာဉ်ဖမ်းသူရုပ်သေးရုပ်ပဲ…ဒါဆို သူက စိတ်ဝိဉာဉ်ဖမ်းသူပေါ့….”

” သူက စိတ်ဝိဉာဉ်ဖမ်းသူပေါ့…သူ့အကြည့်တွေက ငါ့အတွက် နည်းနည်း ထူးဆန်းနေသလိုပဲ…ဆိုတော့ကာ..သူက စိတ်ဝိဉာဉ်ဖမ်းသူဖြစ်နေတာကိုး…”

” သူက စိတ်ဝိဉာဉ်ဖမ်းသူဖြစ်နေရက်သားနဲ့ ဘာလို့ စိတ်ဝိဉာဉ်ဖမ်းသူ ဂါထာမန္တာန်တွေမသုံးတာလဲ….ရုပ်သေးရုပ်ကတော့ စိတ်ဝိဉာဉ်ဖမ်းသူရုပ်သေးရုပ်ပဲ….ငါအကြည့်မမှားဘူး…”

တိုင်မူ၏ မျက်ဝန်းများ အနည်းငယ်မှိန်ဖျော့သွားလေသည်။ စုမင်၏ လုပ်ရပ်များသည် သူ့အား အံအားသင့်စေငည် မဟုတ်ပေလော။ သူ၏ အတွေ့အကြုံများအရ စုမင်သည် မျိုးနွယ်စုငယ်လေးတစ်ခုမှ မဟုတ်မှန်းသေချာပေသည်။ရုပ်သေးရုပ်ကို တစ်ချက်ကြည့်ရုံဖြင့် ဤသည် ထူးကဲသာလွန်သောအရာတစ်ခုဖြင့် ပြုလုပ်ထားမှန်းသိသာနေသည့်အပြင် ပျံသန်းနိူင်သော

အစိမ်းရောင် ဓားမြှောင်သည်လည်း အင်မော််တယ်တို့၏ အသုံးအဆောင်နှင့် ဆင်တူပြီး ခေါင်းလောင်း၏ တန်ဖိုးသည်လည်း မယုံန်ိုင်လောက်အောင် အဖိုးထိုက်မည်သာ။

တကယ်တမ်းတွင် ထိုရုပ်သေးရုပ်အား အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးသည်နှယ် ရင်းနှီးနေသောလည်း မည်သည့်နေရာတွင် မြင်ဖူးမှန်း မမှတ်မိနိုင်ပေ။ သို့သော် ထိုရုပ်သေးရုပ်သည် မိမိအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်မှန်း သေချာနေပေသည်။

ဤခြိမ်းခြောက်မှုသည် အားနည်းပြီး ဝေခွဲမရဖြစ်စေသော်လည်း  တိုင်မူ့အား သတိချပ်မိစေရန် လုံလောက်ပေသည်။

” စီနီယာ တိုင်မူကို အရည်အချင်းမရှိတဲ့ကျွန်တော်က နောက်တစ်ကြိမ် စိန်ခေါ်ချင်ပါတယ်…..”

စုမင် လေးဖင့်စွာ စိန်ခေါ်နေသော်လည်း သူ၏မျက်ဝန်းများသည် တိုက်ပွဲဆာလောင်စိတ်များဖြင့် တောက်လောင်နေပေ၏။

” အထောက်အကူတွေ ရှိနေမှတော့ မင်းငါ့ကို မကြောက်တာ အံ့သြစရာမနေတော့ဘူး။ မင်း ငါ့ကို ဒီရုပ်သေးရုပ်လေးတစ်ရုပ်နဲ့ တိုက်ခိုက်နိုင်မယ်လို့ ထင်နေတယ်ဆိုရင် မင်းကိုယ်မင်း ယုံကြည်မှုလွန်ကဲနေတာပဲ ….”

တိုင်မူ အေးစက်စွာ လှောင်ပြောင်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသွားခဲ့သည်။ သူ ဆုံးဖြတ်ချက်ချပြီးပြီ​ဖြစ်သောကြောင့် အမြန်ဆုံးအဆုံးသတ်ရပေမည်။ သို့မဟုတ်ပါက ရှာမန်မြို့တွင် လူအများစောင့်ကြည့်နေသည့်အတွက် အလယ်အလတ်အဆင့်ရှာမန်တစ်ယောက်ကို သတ်ဖို့အ​ရေး အချိန်ယူနေရသည်ဟူ၍ နာမည်ပျက်ရပေလိမ့်မည်။

အရှေ့သို့ တစ်လှမ်းတိုးလာသည်နှင့်အမျှ တိုင်မူ၏ မျက်ဆံများသည် အပြာရောင်တောက်ပလာသည်။ ထိုအပြာရောင်အလင်းတန်းများသည် ရေလှိုင်းများသဖွယ် စုမင်ထံသို့ မျက်စိတစ်မှိတ်အတွင်း ပြေးဝင်သွားကြသည်။

မယုံနိုင်လောက်အောင် ခမ်းနားထည်ဝါသော တည်ရှိမှုတစ်ခုဖြစ်တည်လာပြီး တိုင်မူ့ ခန္ဓာကိုယ်အနှံ့မှ ဖိအားများပျံ့နှံ့လာလေသည်။ ထိုဖိအားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပေါက်ကွဲသံများ ဆူညံနေ၏။

စုမင် ချက်ချင်း နောက်ဆုတ်လိုက်ပြီး ညာလက်အား လှုပ်ရှားလိုက်သည့်အခါ အနက်ရောင်အလင်းတန်းများနှင့်အတူ ဆူးတင်းပုတ်တစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် အခြေတည်စိတ်ဝိဉာဉ်ကိုယ်ပွားသည် ရှေ့သို့ လှမ်းတက်လာလေ၏။

စုမင်၏ ကိုယ်ပွားသည် ရှေ့သို့လှမ်းတက်လာပြီးနောက် ညာလက်ကိုမြှောက်က စည်းတံဆိပ်များကို စတင်ဖွဲ့စည်းလေတော့သည်။ စည်းတံဆိပ်များဖွဲ့စည်းပြီးသည့်အခါ မြေပြင်ဆီသို့ ပို့လွှတ်လိုက်လေသည်။ ထိုအခါ ပေထောင်များစွာကျယ်ဝန်းသော မြေပြင်အကျယ်အဝန်းသည် ရုတ်တရက် တုန်ဟီးလာပြီး အဖြူရောင်မြူခိုးများထွက်ပေါ်လာသည်။ ထိုအဖြူရောင် မြူခိုးများသည် ကောင်းကင်ယံသို့ ထိုးတက်သွားကာ ပေတစ်ထောင်ခန့်ရှည်လျားသော အပြာရောင် နဂါးကြီးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားလေသည်။

” ကမ္ဘာမြေပြင်၏ နဂါးသွေးကြော….”

ဤသည်မှာ ဟုန်လော့၏ ထူးခြားသောနတ်ဘုရားစွမ်းရည်တစ်ခုဖြစ်ပြီး တိထျန်းနှင့်တိုင်ခိုက်စဉ် အသုံးပြုခဲ့ဖူးပေသည်။ဤ ပညာရပ်အား ကြားဖူးသူရှိလိမ့်မည်မဟုတ်ပေ။အကယ်၍ ဟုန်လော့သာ ဤပညာရပ်ကို ထုတ်သုံးပါက ပေတစ်သောင်းဧရိယာတစ်ဝိုက်ရှိ ကမ္ဘာမြေ၏ အငွေ့အသက်များကို ထုတ်သုံးနိုင်မည်ဖြစ်ပြီး စစ်မှန်သော နဂါးသွေးကြောအား ဆင့်ခေါ်နိုင်ပေလိမ့်မည်။

သို့သော် ကိုယ်ပွား၏ အစွမ်းသည် ဟုန်လော့နှင့် မယှဉ်နိူင်ပေ။စုမင်သည် အခြေတည်ဝိဉာဉ်အဆင့်တွင်သာရှိသေးသောလည်း ဆယ်ဘဝကျင့်စဉ် ပညာရပ်မှတဆင့် ဟုန်လော့၏ နတ်ဘုရားစွမ်းရည်များနှင့် နတ်ဘုရားပညာရပ်များကို အမွေဆက်ခံနိုင်ခဲ့သည်။ဤအရာများကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီးနောက် စွမ်းရည်အချို့အား ထုတ်သုံးနိူင်ခဲ့သော်လည်း အားနည်းနေသေးသည်သာ….

သို့သော် ဟုန်လော့၏ ပြိုင်ဘက်သည် တိထျန်းဖြစ်ပြီး စုမင်၏ ပြိုင်ဘက်သည်ကား တိထျန်းထက် များစွာ အားနည်းသော နှောင်းပိုင်းရှာမန်တစ်ယောက်သာဖြစ်သည်။ ထိုနှစ်ယောက်အား နှိုင်းယှဉ်ရန်ပင် မသင့်တော်ပေ။

ကမ္ဘာမြေပြင် နဂါးသွေးကြော ရုပ်လုံးပေါ်လာသည့်အခါ တိုင်မူ၏ အမူအရာများ ပြောင်းလဲသွားပြီး ရှေ့သို့ လျင်မြန်စွာ ရွေ့လျားလာလေသည်။ တိုင်မူနှင့် နီးကပ်လာသောအခါ စုမင်၏ ကိုယ်ပွားသည် နှုတ်ဆိတ်လျက်ပင် နဂါးသွေးကြောအား ဆုပ်ကိုင်လိုက်လေ၏။

ကမ္ဘာမြေပြင် နဂါးသွေးကြောအား မြင်တွေ့လိုက်ရသည့်အခါ မြေပြင်ပေါ်ရှိ ကြည့်ရှုနေသူအားလုံး ဆူညံပွက်လောရိုက်ကုန်ကြသည်။ စုမင်၏ နတ်ဘုရားစွမ်းရည်သည် ၎င်းတို့ တစ်ခါမှ မမြင်ဖူးသော စွမ်းရည်တစ်ခုဖြစ်ပြီး ထိုစွမ်းရည်ထုတ်ဖော်လိုက်သောအခါ ကမ္ဘာမြေကြီး၏ အငွေ့အသက်များအား အမှန်ပင် စုပ်ယူသုံးစွဲနိုင်ကြောင်း သိလိုက်ရသောကြောင့် ပြင်းထန်စွာတုန်လှုပ်နေကြလေသည်။

နဂါးသွေးကြော တိုးဝင်လာသည်ကို မြင်သောအခါ တိုင်မူသည် ညာလက်ကို မြှောက်ကာ လက်သီးချက်တစ်ခု ပစ်သွင်းလိုက်လေသည်။

“ပင်လယ်လေးစင်း တမ်းချင်း….အရှေ့ပင်လယ် တမ်းချင်း…..”

တိုင်မူ ထိုသို့ အော်ဟစ်လိုက်ပြီး လက်သီးချက် ထုတ်ဖော်လိုက်သောအခါ သူ့ရှေ့တွင် အပြာရောင် ပင်လယ်တစ်စင်း ဖြစ်ပေါ်လာပြီး ထို ပင်လယ်ကြီးသည် ပြင်းထန်လှသောအရှိန်အဟုန်ဖြင့် နဂါးသွေးကြော ဆီသို့ ဉီးတည်ရွေ့လျားသွားခဲ့သည်။

အပြာရောင် ပင်လယ်အတွင်းမှ ရေများသည် တိုင်မူ ယခင်ထုတ်ဖော်ခဲ့သော နတ်ဘုရားစွမ်းရည်နှင့် ဆင်တူနေသောလည်း အနီးကပ်ကြည့်ရှုပါက ရေများသည် ပုံရိပ်ယောင်မဟုတ်ဘဲ အစစ်များဖြစ်နေကြောင်းတွေ့ရပေမည်။

သို့ပါသော​ကြောင့် စိုထိုင်းသောရေငွေ့များနှင့် ထူးခြားသောရနံ့များသည် စုမင်၏ မျက်နှာကို တိုးဝှေ့နေကြသည်။

အပြာရောင် ပင်လယ်ကြီးနှင့် ကမ္ဘာမြေပြင် နဂါးသွေးကြောတို့ ထိမိကြသောအခါ ကောင်းကင်ယံထက်တွင် ကျယ်လောင်သောအသံများ တုန်ဟီးနေတော့သည်။

“ပင်လယ်လေးစင်း တမ်းချင်း….တောင်ပင်လယ် တမ်းချင်း…..”

တိုင်မူသည် ဘယ်လက်ကို ဖြန့်ကာ တောင်ဘက်သို့ တွန်းလိုက်သည်။ ချက်ချင်းပင်၊ သူ၏တောင်ဘက်တွင် အနီရောင်ပင်လယ်ကြီးတစ်ခု ပေါ်လာသည်။အနီရောင် ပင်လယ်ရေများသည် ထိုပင်လယ်ကြီးအားသွေးပင်လယ်ဟု ထင်ရစေပြီး တလိမ့်လိမ့် တက်လာသော လှိုင်းလုံးများသည် စုမင်၏ ကိုယ်ပွားထံသို့ ဉီးတည်ရွေ့လျားနေကြသည်။

ကိုယ်ပွားသည် လှိုင်းလုံးများကို လျစ်လျူရှုထားပြီး စည်းတံဆိပ်များကို ထပ်မံဖွဲ့စည်းကာ ဘေးနှစ်ဖက်သို့ ပို့လွှတ်နေသည်။

“ကမ္ဘာကြီးဟာ အဆက်မပြတ်ပြောင်းလဲနေပေမယ့် အဆုံးသတ်ကတော့ အတူတူပါပဲ၊ အဖြူရောင်တောင်တန်းတွေနဲ့ အနက်ရောင်ရေတွေဟာ ကွဲပြားပုံပေါ်ပေမယ့် အားလုံးအတူတူပါပဲ… …နတ်ဘုရားအဖြစ်သို့ ပြောင်းလဲခြင်း….”

ထိုစာကြောင်း သုံး​​ကြောင်းတွင် နတ်ဘုရားစွမ်းရည် ခုနှစ်သွယ်ပါဝင်ပြီး ၎င်းသည် ဟုန်လော့ထံမှ ရရှိခဲ့သော ပညာရပ်များအနက်

အခြေတည်ဝိဉာဉ်အဆင့်တွင် စုမင် ထုတ်သုံးနိူင်သော အပြင်းထန်ဆုံးသောပညာရပ်ဖြစ်သည်။ ထိုပညာရပ်အား အင်​မော်တယ်

ရှေးဟောင်းအကြွင်းကျန်နယ်​မြေတစ်ခုမှ ရရှိခဲ့ခြင်းဖြစ်ပြီး မူလဇာတ်မြစ်အား မသိနိုင်ပေ။

သို့သော် ဟုန်လော့သည်ပင် ထိုပညာရပ်အား အပေါ်ယံမျှသာ လေ့လာနိုင်ခဲ့သည်။ ဟုန်လော့သည် ထိုပညာရပ်အား ထဲထဲဝင်ဝင်လေ့လာမည့်အစား ဆယ်ဘဝကျင့်စဉ်ပညာရပ်ဖြင့် တစ်စုံတစ်ဉီးအားကွပ်မျက်ရန် ကမ္ဘာမြေပြင်မှ အော်ရာများကို သွေးများအဖြစ်ပြောင်းလဲရာ၌ နတ်ဘုရားစွမ်းရည် ခုနှစ်သွယ် ပညာရပ်အား မရှိမဖြစ်လိုအပ်သော အချက်တစ်ချက်ဖြစ်သာ ထည့်သွင်းအသုံးပြုခဲ့သည်။

ကမ္ဘာမြေတွင် အသက် ရှိသည်ဟု ဟုန်လော့ ယုံကြည်ထားသည်။ အကယ်၍ ကမ္ဘာမြေပြင်၏ အော်ရာများသည် ကမ္ဘာကြီး၏ အသက်ရှူသံများ ဖြစ်သည်ဆိုပါက ကမ္ဘာမြေတွင် သွေးများလည်း ရှိမည်သာပင်။ ကမ္ဘာမြေပြင်၏ သွေးသည် မြစ်ချောင်းများ  ပင်လယ်များ မဟုတ်ဘဲ ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာတွင် ပုန်းကွယ်နေသောအရာများသာ ဖြစ်ပေလိမ့်မည်။

ကမ္ဘာမြေပြင်၏ အော်ရာများတွင် ကမ္ဘာမြေပြင်၏ သွေးအချို့ ပါဝင်ပေလိမ့်မည်။ စုမင်သည် ထိုသွေးများအားထုတ်ယူရန် ကမ္ဘာမြေပြင်၏ အော်ရာအချို့ကို ငှားရမ်းသုံးစွဲခဲ့ခြင်းဖြစ်သည်။ ထိုမှသာ “ကောင်းကင်ဘုံ ကွပ်မျက်ခြင်း ” ပညာရပ်အား ထုတ်သုံးနိုင်လိမ့်မည်။ကမ္ဘာမြေပြင်တွင် အသက်စွမ်းအင်ရှိသောကြောင့် ၎င်းအား ငှားရမ်း၍ ပေါင်းစပ်လိုက်ပါက ဆယ်ဘဝကျင့်စဉ်၏ မူလစွမ်းရည်များကို အသုံးပြုနိူင်တော့မည် ဖြစ်၏။

ဟုန်လော့သည် အင်မော်တယ်လမ်းစဉ်အား ရှေးမူမပျက် လျှောက်လှမ်းခဲ့သူတစ်ယောက်ဖြစ်ပြီး နတ်ဘုရားစွမ်းရည် ခုနှစ်သွယ်အား အပေါ်ယံမျှသာ လေ့လာခဲ့သူဖြစ်သည်။သို့သော် စုမင်အတွက်မူ ကိုယ်ပွား၏ လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် ” ကောင်းကင်ဘုံ ကွပ်မျက်ခြင်း” ပညာရပ်အား ထုတ်သုံးရန် မလွယ်ကူသေးပေ။ထို့ကြောင့် ဟုန်လော့ လျစ်လျုရှုထားခဲ့သော နတ်ဘုရားစွမ်းရည် ခုနှစ်သွယ်အား အာရုံစိုက်လေ့လာခဲ့ပေသည်။ထိုမှသာ အခြေတည်ဝိဉာဉ်အဆင့်ဖြင့် အခြားသော ပညာရပ်များကို သုံးနိူင်ပေလိမ့်မည်။

“အသွင်ကူးပြောင်းမှု ကိုးခု……”

ကိုယ်ပွားသည် စည်းတံဆိပ်များဖွဲ့စည်းနေရင်း ထိုစကားလုံးများကို ရွတ်ဆိုကာ ဘေးနှစ်ဖက်သို့ စည်းတံဆိပ်များပို့ လွှတ်လိုက်သည်။ထို့နောက် ကိုယ်ပွားသည် တစ်ချက်ခန့်တုန်ခါသွားပြီး လက်သီးဆုပ်ကာ လေထဲမှတဆင့် ဝေးကွာသောအရပ်တွင် ရှိနေသည့် တိုင်မူ ထံသို့ လက်သီးချက် ပစ်သွင်းလိုက်လေသည်။

ထိုလက်သီးချက်တွင် မည်သည့်စွမ်းအားမျှ မပါဝင်သည်ဟု ထင်ရသော်လည်း  ကိုယ်ပွား၏ အပြုအမူများအရ ထိုလက်သီးချက်ဝည် တိုင်မူ၏ ပင်လယ်လေးစင်းတမ်းချင်းမှ အရှေ့ပင်လယ်တမ်းချင်း လက်သီးချက်နှင့် တူညီနေပေသည်။

အသွင်းပြောင်းမှုအား  ပိုမိုနက်နဲသောတုပခြင်း အဆင့်အဖြစ် နားလည်နိုင်ခဲ့ပါက အသုံးပြုသူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ပြိုင်ဘက်၏ နတ်ဘုရားစွမ်းရည်များကို တုပနိုင်မည်သာပင်…..

ကိုယ်ပွား လက်သီးချက် ထုတ်ဖော်လိုက်သည်နှင့် ကိုယ်ပွား၏ ရှေ့တွင် အပြာရောင်ပင်လယ်တစ်စင်း ဖြစ်ပေါ်လာသည်။ ထိုပင်လယ်သည် အရွယ်အစား အနည်းငယ် သေးငယ်သည်မှ လွဲ၍ တိုင်မူဆင့်ခေါ်ခဲ့သော ပင်လယ်နှင့် တစ်ထပ်တည်းတူညီနေသည်။

တိုင်မူ့ မျက်နှာပေါ်တွင် အံ့အားသင့်နေသောအရိပ်အယောင်များ ပေါ်ထွက်လာသော်လည်း ကိုယ်ပွား၏ နောက်ထပ်လှုပ်ရှားမှုတစ်ခုသည် တိုင်မူ့အား ပို၍ပင် အံ့အားသင့်စေခဲ့သည်။

တုပခြင်းသည် “အသွင်ကူးပြောင်းမှု ကိုးခု”၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပြီး စစ်မှန်သော အသွင်ကူးပြောင်းမှုသည် တုပခြင်း နောက်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ဤ နတ်ဘုရားစွမ်းရည်သည် ပြောင်းလဲလာသည်နှင့်အမျှ ပထမ ၊ဒုတိယ…စသည်ဖြင့် ကိုးကြိမ်

တိုင်တိုင် အသွင်ပြောင်းလဲလာပေလိမ့်မည်။

အသွင်ပြောင်းမှု တစ်ကြိမ်တိုင်းစီတွင် ထိုပညာရပ်၏ စွမ်းရည်များ တိုးပွားလာသည်သာမက ကျင့်ကြံခြင်းစွမ်းအားများလည်း တိုးပွားလာပေလိမ့်မည်။

” ပထမကြိမ် အသွင်ပြောင်းလဲခြင်း…..”

ကိုယ်ပွားသည် ထိုကဲ့သို့ တိုးညှင်းစွာ ရွတ်ဆိုလိုက်ပြီး ပင်လယ်ထက်ဆီသို့ ပျံတက်သွားခဲ့သည်။ပင်လယ်ရေများထဲသို့ ကိုယ်ပွားရောက်ရှိသွားသောအခါ ပင်လယ်ရေများ ဆူပွက်လာလေ၏။

တစ်ချိန်တည်းမှာပင် အဖြူရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ပင်လယ်သည် လျင်မြန်စွာ ကျယ်ပြန့်လာသည်။ ပြင်းထန်သောလှိုင်းလုံးများသည် ကောင်းကင်ယံ၌ ကျယ်လောင်စွာ​မြည်ဟီးနေပြီး ရေပူဖောင်းအများအပြား အဆက်မပြတ် ထွက်ပေါ်လာ ပြန်သည်။ ထိုပူဖောင်းများ ကွဲသွားသည်နှင့်၎င်းတို့အတွင်းမှ အနီရောင်အရည်များထွက်ပေါ်လာပြီး ပင်လယ်ရေကို ဆိုးဆေးဆိုးလိုက်သကဲ့သို့ ချင်းချင်းနီသွားစေခဲ့သည်။

“တတိယ တမ်းချင်း- အနောက်ပင်လယ်……”

တိုင်မူ၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေသည်။စုမင်၏ ခွန်အားကြောင့် သူ ထိတ်လန့်သွားသော်လည်း ဤလူကို အနိုင်ယူရန် သူ၏ စွမ်းအားများကို အသုံးချနိုင်မည်ဟု ယုံကြည်နေဆဲပင်။

သို့သော်လည်း စုမင်၏ ခွန်အားသည် သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့သော အရာဖြစ်နေခဲ့သည်။ အကြောင်းမှာ အလယ်အလတ်အဆင့်ရှာမန်တစ်ယောက်သည် သူ့အား နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်နိုင်မည်ဟု တစ်ခါမှ တွေးမထားဖူးသောကြောင့်ပင်။

ဤလူအား လွတ်မြောက်ခွင့်ပေးလိုက်​ခြင်း

သူ့မျိုးနွယ်စုအတွက် ကောင်းသောအရာမဟုတ်သည်မှာ ထင်ရှားနေပေသည်။ အလတ်အလယ်အဆင့်တွင် အခုလောက်အစွမ်းထက်နေသည်ဆိုပါက နှောင်းပိုင်းရှာမန်အဖြစ် တက်လှမ်းနိူင်ခဲ့ပါလျှင် ဤရန်ငြိုးဖွဲ့မှုအတွက် အရှေ့ပိုင်းမြူရွက်မျိုးနွယ်စုသည် ကြီးမားသောအဖိုးအခ ပြန်ပေးဆပ်ရမည်သာပင်…..

Comment

Leave a Reply

Options

not work with dark mode
Reset