အခန်း ( ၂၈ )

လီလော့၏ ပထမအကြိမ်......

ဇောင်ရီတို့လူတစ်စု ရောက်လာခြင်းကြောင့်ပတ်ဝန်းကျင်လေထု​တစ်ခုလုံး တင်းကြပ်သွားပြီး အကုန်လုံး၏ အကြည့်များသည် ဇောင်ရီတို့ထံ စုပြုံကျရောက်လာသည်။

ယန်လင်းချီသည် အေးစက်သော လေသံဖြင့်….

” ဒုဌာနမှုးတစ်ယောက်ဖြစ်ပြီး ယဉ်ကျေးမှုမရှိလိုက်တာ….”

ဇောင်ရီက အပြုံးများဖြင့် ပြည့်နှက်နေသော မျက်နှာထားဖြင့်….

“အဲ့လောက်လဲ သွေးဆူမနေပါနဲ့ဉီး….ကျုပ်ဆီရောက်လာတဲ့ တင်ပြချက်တစ်ချို့ကြောင့် ဒီကိုလာခဲ့တာပါ….အဆင့်တစ်သန့်စင်ရေးအလုပ်ရုံက ခင်ဗျား လက်အောက်ကိုရောက်သွားကတည်းက ထုတ်ကုန်ပမဏာ လျော့နည်းလာတယ်ဆို…..ပြီးတော့ဘအဆင့်မမှီတဲ့ ထုတ်ကုန်တွေကြောင့် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့သေးတယ်ဆိုပဲ….ကျုပ်တို့ရှီးယန်စံအိမ်အတွက် ရင်လေးမိပါရဲ့….”

ဇောင်ရီ၏ အပြောကို ယန်လင်းချီက အေးစက်သောလေသံဖြင့် ပြန်ပက်လိုက်သည်။

” ထုတ်ကုန်လျော့နည်းတယ်..ဟုတ်လား….ပြသာနာအရင်းမြစ်ကိုတော့ သေချာမသိပေမယ့်…လုံလောက်တဲ့ ကုန်ကြမ်းတွေသာ ရမယ်ဆို ဒီလိုဖြစ်လာစရာအကြာင်းမရှိဘူး….”

” ဒုဌာနမှုးယန်က ကျုပ်ကို နာမည်ဖျက်ချင်နေတာပဲ ….. ကျုပ်တို့ဆီမှာလည်း ပစ္စည်းပြတ်လပ်နေတာကို ကျုပ်က ဘယ်လိုလုပ်ပေးရမှာလဲ….ဒုဌာနမှုးယန်က ကြယ်တာယာခရီးရှည်ကောလိပ်က ကျောင်းသူဖြစ်ပေနယ့်လည်း အတွေ့ကြုံနုသေးတယ်..အဲ့တော့ အဆင့်တစ် ပဲ့တင်ထပ်သံပြုပြင်သူတွေကို ကောင်းကောင်းလမ်းညွှန်ပေးနိုင်မှာ မဟုတ်ဘူး…..မင်းရဲ့ လမ်းညွှန်ချက်တွေကြောင့်ညသူတို့ ရူးကုန်လိမ့်မယ်…..”

ဤစကားစစ်ပွဲတွင် မည်သူမျှ ဝင်မပါဝံ့ကြပေ။ ဝင်ပါလိုက်မိပါက နောက်ဆက်တွဲအဖြစ် အ​ထောင်းခံရပေလိမ့်မည်။

ဇောင်ရီက ယန်လင်းချီကိုစိုက်ကြည့်လိုက်ပြီး……

” ဒီမယ်…ဒုဌနမှုးယန်….ပဲ့တင်ထပ်သံပြုပြင်သူဖြစ်တဲ့ ကျုပ်တို့က ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်ယူရဲရတယ်…..မင်း အဆင့်တစ်သန့်စင်ရေးအလုပ်ရုံကို တာဝန်ယူထားတာကြာလှပြီ…ဒါပေမယ့် သိသာထင်ရှားတဲ့ ရလဒ်မျိုး ရမလာသေးဘူး….မင်းရဲ့ လမ်းညွှန်မှုအောက်မှာ အဆင့်တစ်ပဲ့တင်ထပ်သံပြုပြင်သူတွေက သန့်စင်မှု 50 % လောက်ပဲရှိတဲ့ ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့ အလင်းတွေလောက်ပဲ ထုတ်လုပ်နိုင်သေးတယ်…ကျုပ် တပည့် ရှီယွမ်ဆို 56 % အထိသန့်စင်တဲ့ ဝိဉာဉ်ရည်တွေ ထုတ်လုပ်နိုင်နေပြီ…ရှီးယန်စံအိမ်ကဘသတ်မှတ်ထားတဲ့ အနိမ့်ဆုံး စံချိန်က 53 % နော်….အဲ့တော့ ရှီးယန်စံအိမ် ကောင်းကျိုးအတွက် အဆင့်တစ် သန့်စင်ရေးအလုပ်ရုံကို ကျုပ်လက်ထဲ ထည့်လိုက်သင့်ပြီ….ဒီတိုင်းသာ ဆက်သွားနေရင် ထျန်ရှုမှာ ကျုပ်တို့ရှီးယန်စံအိမ်ရဲ့ ထုတ်ကုန်တွေ ရောင်းတန်းဝင်နိူင်မှာ မဟုတ်တော့ဘူး….”

ဇောင်ရီက အပိုင်တွက်ထားဟန်ဖြင့် မျက်နှာကို မော်ချီထားပြီး ရာထူးမြင့်သူများဘက်သို့လှည့်ကာ…

” ကျုပ်ပြောနေတာတွေ အဓိပ္ပါယ်မရှိဘူးလို့ ထင်နေကြတာလား….”

ရာထူးမြင့်သူမျာသည် ဤစကားဝိုင်းတွင် ဝင်မပါခဲ့ကြသော်လည်း သူတို့၏ စိတ်ထဲတွင် ဇောင်ရီ့စကားများသည် အဓိပ္ပါယ်ရှိသည်ဟုယူဆထားကြသည်။အဖွဲ့အစည်းတစ်ခုအတွက် ရလဒ်သာလျှင် အရေးကြီးဆုံးဖြစ်သည်။

အကယ်၍ ဇောင်ရီရဲ့ တပည့်ကသာအမှန်တကယ် 56 % ထိသန့်စင်နိုင်သည်ဆိုပါက အကုန်လုံးအတွက် အကျိုးရှိမည်သာပင်…

ထို့ကြောင့် ရာထူးမြင့်သူတစ်ယောက်က…..

“ဒုဌာနမှုးယန်…မင်းအဆင့်တစ် သန့်စင်ရေးအလုပ်ရုံကို လက်လွှတ်လိုက်ပါ….ဒါဆို အဆင့်နှစ်အလုပ်ရုံကို အာရုံပိုစိုက်နိုင်လိမ့်မယ်…ရှီးယန်အတွက်လည်း အဆင်ပြေသွားတာပေါ့….”

ယန်လင်းချီ ခံစားချက်မဲ့နေပြီဖြစ်သည်။ သူမ အဆင့်တစ် သန့်စင်ရေးအလုပ်ရုံကို လက်လွှတ်ပေးလိုက်ပါက ဇောင်ရီ့ကို တရားဝင် အရှုံးပေးလိုက်သလို ဖြစ်မသွားပေဘူးလား…..သူမအတွက် ရှီယန်မှာ တဖြည်းဖြည်းနဲ့နေရာပျောက်ရလိမ့်မည်။

သို့သော် သူမ ဇောင်ရီနှင့် ပြိုင်ငြင်းနေပါက သူမအတွက် အပျက်သဘောဆောင်သော အရာများသာ ဖြစ်လာပေဉီးမည်။

သူမ ကျဉ်းတည်းကျပ်တည်း အခြေနေရောက်နေခဲ့လေပြီ…..

ဇောင်ရီက လှောင်ပြောင်သရော်ဟန် အကြည့်များနှင့် ယန်လင်းချီကို စိုက်ကြည့်နေ၏။ သူမသည် ကြယ်တာယာခရီးရှည်ကောလိပ်က ကျောင်းသူတစ်ယောက်ဖြစ်သော်လည်း အတွေ့အကြုံနုနယ်သူတစ်ယောက်သာ ဖြစ်၏။

ဝုန်းးးးး

ယန်လင်းချီတစ်ယောက် အဖက်ဖက်က ဖိအားပေးခံနေရစဉ်မှာ အခန်းတစ်ခုထဲမှ အပြာရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။

ဤရုတ်တရက် အပြောင်းအလဲ အဖြစ်အပျက်ကြောင့် လူတိုင်းကို အတိုင်းအတာတစ်ခုအထိ အံ့အားသင့်စေခဲ့သည်။ လူတိုင်း လှည့်ကြည့်လိုက်သည့်အခါ လီလော့က အပြာရောင်အရည်များနှင့် ပြည့်နေသော ပုလင်းကို ကြည်နူးမှုအပြည့်ဖြင့် ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသည်။

ဤသည်မှာ လီလော့ ပထမဉီးဆုံး သန့်စင်လိုက်သည့် ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်းများဖြစ်ပြီး ခက်ခဲဲကြမ်းတမ်းသော အခြေနေအောက်တွင် ကြိုးကြိုးစားစား သန့်စင်ခဲ့ခြင်းဖြစ်သည်။

လီလော့ သန့်စင်မှုစမ်းသပ်သည့်အပ်ကို ကိုင်ထားသည့် ပုလင်းထဲသို့ နှစ်လိုက်သည့်အခါ သန့်စင်မှုအမှတ်များ တဖြည်းဖြည်းမြင့်တက်လာပြီး 60? % ဟူသော အမှတ်တွင် ရပ်တန့်သွားခဲ့သည်။

ဝိုးးးးးး

ဤမြင်ကွင်းကြောင့် အဆင့်တစ်ပဲ့တင်ထပ်သံပြုပြင်သူများ အားလုံး အံ့အားသင့်ကုန်ကြလေသည်။

တစ်ယောက်တစ်ပေါက် ပြောဆိုနေကြရင်း လီလော့ထံသို့ အပြေးအလွှားရောက်လာခဲ့ကြသည်။

” 60% တဲ့လား….သခင်လေး ပထမဆုံးအကြိမ် သန့်စင်လိုက်တာ 60 % အထိတောင် သန့်စင်တယ်တဲ့….”

“ဘယ်လို ဖြစ်နိုင်မှာလဲ….”

အဆင့်တစ်သန့်စင်ရေး အလုပ်ရုံတစ်ခုလုံး အုန်းအုန်းကြွက်ကြွက်ဖြစ်ကုန်ကြပြီး ဇောင်ရီနှင့် ယန်လင်းချီတို့၏ တိုက်ပွဲကို မည်သူမျှ အာရုံမထားနိုင်ကြတော့ဘဲ လီလော့ဆီကိုသာ အပြေးအလွှား ရောက်လာကြသည်။

သန့်စင်မှုစမ်းသပ်သည့်အပ်ကို အနီးကပ်မြင်လိုက်ရသူတိုင်း ဆွံ့အကုန်ကြလေသည်။

လီလော့ ဤပညာရပ်ကို သင်ယူနေသည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့်သာ ရှိသေးကြောင်း လူတိုင်း သိထားကြသည်။အချိန်တိုလေးအတွင်း လီလော့ ဤမျှထိ စွမ်းဆောင်နိုင်သည်ကို မြင်သောအခါ အကုန်လုံး အံ့အားသင့်နေကြရသည်။

ကောင်းကင်ဘုံက မျက်နှာသာပေးထားတဲ့ ပါရမီရှင်ဆိုတာ ဒါမျိုးလား……

” လမ်းဖယ်ပေးစမ်း…”

ယန်လင်းချီသည် ရှည်လျားသွယ်လှသော ခြေတံရှည်များကိုသုံး၍ လီလော့ဆီကို ရောက်လာပြီး သူ့လက်ထဲက ပုလင်းကိုသာ စိုက်ကြည့်နေ၏။

” ငါ တစ်ချက်ကြည့် ကြည့်မယ်….”

လီလော့က ပုလင်းကို ယန်လင်းချီဆီပေးလိုက်သောအခါ သူမသည် ပုလင်းထဲမှ အရည်တစ်စက်ကို လောင်းချပြီး စိတ်လှုပ်ရှားမှု အပြည့်ဖြင့်အကဲခတ်နေသည်။

” ဒီမိုးပြာရောင်ကျောက်စိမ်းရည်က မယုံနိုင်လောက်အောင် သန့်စင်တယ်….ဟုတ်တယ် 60 % သန့်စင်တယ်ဆိုတာ လုံးဝသေချာတယ်….”

သူမ လီလော့ကို သေချာကြည့်လိုက်သည်။ လီလော့တစ်ယောက် ပဲ့တင်ထပ်သံပြုပြင်သူပညာရပ်တွင် ဤမျှ ပါရမီရှိမှန်း ထင်မထာူမိခဲ့သည်မှာ အမှန်ပင်…..

ဤသည်မှာလီလော့အတွက် ပထမဆုံးအကြိမ်သန့်စင်ခြင်း ဖြစ်၏။

သူမ ပထမဆုံး စတင်သန့်စင်တုန်းကတောင် 57% ထိသာ သန့်စင်နိုင်ခဲ့သည်။

ယန်လင်းချီသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် ဇောင်ရီကို အေးစက်စွာ ပြုံးပြလိုက်ပြီး……

“ဒုဌာနမှုးဇောင်က အဆင့်တစ်သန့်စင်ရေးအလုပ်ရုံကို လက်လွှဲယူမယ်ပြောတာ ကျွန်မဖြင့် ယုံတောင် မယုံနိူင်သေးဘူး….”

ဇောင်ရီ ယန်လင်းချီကိုင်ထားတဲ့ ပုလင်းကို မြင်လိုက်ရတော့ မျက်နှာတစ်လုံး မည်းမှောင်လာခဲ့လေသည်။ လူတိုင်း တအံတသြ ချိီးကျူးနေကြတဲ့ အသံတွေကို အတိုင်းသားကြားနေရ၏။ လီလော့က တကယ်ပဲ 60 % အထိ သန့်စင်နိုင်ခဲ့တာလား…….

အဆင့်လေး ပဲ့တင်ထပ်သံပြုပြင်သူတွေ ဖြစ်ကျတဲ့ ဇောင်ရီနဲ့ ယန်လင်းချီတို့တောင် အခုနေ အဆင့်တစ်ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ သန့်စင်မယ်ဆို သန့်စင်မှုနှုန်းသည် 65% လောက်သာရှိပေလိမ့်မည်။သို့သော် အဆင့်တစ် ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းများသည် ကောင်းကင်ရွှေ အနည်းငယ်ခန့်သာ တန်ကြေးရှိသည့်အတွက် ဇောင်ရီတို့ ကိုယ်တိုင်ကိုယ်ကျ မသန့်စင်ဖြစ်သည်မှာ ကြာလှချေပြီ…..

ဒါပေမယ့်လည်း လီလော့က ပထမဆုံးအကြိမ် သန့်စင်တဲ့အထာမှာတောင် 60 % အထိ သန့်စင်နိုင်ခဲ့သည်။သူ့တပည့် ရှီယွမ်သည် တစ်နှစ်ပတ်လုံး ကြိုးစားပမ်းစားလေ့ကျင့် ပြီးမှသာ 56% အထိ သန့်စင်နိုင်ခဲ့သည်။

သူ့တပည့်နဲ့ လီလော့၏ ကွာခြားချက်သည် ကောင်းကင်နှင့် မြေပြင်ကဲ့သို့သာပင်…..

ဇောင်ရီက မဲ့ကာရွဲ့ကာဖြင့် ယန်လင်းချီကို ပြန်ဖြေလိုက်သည်။

“ဒုဌာနမှုးယန်က မဆိုင်တာတွေ ပြောနေပြန်ပြီ….သခင်လေးက ဒီပညာရပ်ကို သင်ယူနေတာ နှစ်ပတ်လောက်ပဲရှိသေးတာကို….”

ယန်လင်းချီက မထုံတက်တေး အမူအရာဖြင့်……

” ဒါကို သခင်လေးကိုယ်တိုင် သန့်စင်ထားတာ အကုန်လုံး မျက်မြင်ပဲလေ…ရှင့် အကြောင်းပြချက်က နည်းနည်းလေးမှ ယုတ္ထိမရှိဘူး…ရှင် မရှက်တတ်ဘူးလား….ဘာလဲ ရှင်က သခင်လေးရဲ့အရည်အချင်းကို သံသယဝင်နေတာလား……”

ဘေးနားတွင် ရှိနေသော အကြီးအကဲအချို့က ယန်လင်းချီ၏ စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြနေကြသည်။ လီလော့ကိုယ်တိုင် သန့်စင်ထားသည်ကို သူတို့တွေ မြင်တွေ့ခဲ့ကြသည် မဟုတ်ပေလော….

ဇောင်ရီက အရှက်ပြေ ရယ်ပြလိုက်ပြီး……

” သံသယမဝင်ရဲပါဘူးဗျာ….”

ဘယ်လောက်ပင် စိတ်ထဲကနေ မလေးစားပါစေ လူရှေ့သူရှေ့တွင်တော့ သခင်းလေးအဖြစ် လေးစားပြရပေဉီးမည်။

” ဒုဌာနမှုးဇောင်….အခုဆို ကျွန်တော်က ခင်ဗျားတပည့်ထက် ပိုကောင်းအောင် သန့်စင်နိုင်တယ်ဆိုတော့ အဆင့်တစ်သန့်စင်ရေးအလုပ်ရုံကို ကျွန်တော့်လက်ထဲ ထည့်လိုက်လို့ ရပြီထင်တယ်….”

လီလော့က ဇောင်ရီကို စကားလုံးများဖြင့်

ပြုံးပြုံးကြီး ထိုးနှက်လိုက်သည်။

ဇောင်ရီက မချိပြုံးပြုံးနေပြီး…..

” ဒါက ဒုဌာနမှုးယန်ရဲ့ သဘောထားပေါ်မူတည်ပါတယ်….”

ဒီနေ့အဖို့ လုံးဝရှုံးနိမ့်သွားပြီဖြစ်ကြောင်း နားလည်လိုက်သည့်အခါ ဇောင်ရီ စိတ်ဓာတ်ကျနေပြီဖြစ်သော်လည်း ပြေလည်ရာပြေလည်ကြောင်း စကားများကိုသာ ရွေးပြောလိုက်သည်။

အဆင့်တစ်သန့်စင်ရေးအလုပ်ရုံအတွင်းရှိ လေထုသည် တမဟုတ်ချင်း အေးစက်သွားခဲ့လေသည်။ အဆင့်တစ် ပဲ့တင်ထပ်သံပြုပြင်သူများသည် လီလော့ကို ချီးကျူးနေရင်းကနေ မနာလိုအားကျနေကြပြန်သည်။

လီလော့သည် ချီးကျုးသောစကားသံများကို လျစ်လျုရှုလိုက်ပြီး ဆက်လက်လေ့ကျင့်ရန် အလုပ်ခန်းရှိရာဆီ ပြန်သွားခဲ့သည်။

“ပထမဆုံး အကြိမ် သန့်စင်တာကို ဒီလောက် ရာခိုင်နှုန်းအထိ သန့်စင်နိုင်မယ်မှန်း ဘယ်သူထင်မိမှာလဲ…နင်က ပဲ့တင်ထပ်သံပြုပြင်သူဖြစ်လာဖို့ ပါရမီပါပုံရတယ်…..”

ကြယ်တာယာခရီးရှည်ကောလိပ်တွင် မြောက်များစွာသော ပါရမီရှင်များကို မြင်တွေ့ဖူးခဲ့သော်လည်း လီလော့လို တရားလွန်ထူးချွန်သူမျိုးကို ယန်လင်းချီ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

/လီလော့ရဲ့ ပဲ့တင်ထပ်သံက အဆင့်ငါးပဲ့တင်ထပ်သံဆိုတော့…သူက ပါဝင်ပစ္စည်းတွေကို သယဇာတဖြစ်အောင် ပေါင်းစပ်နိုင်ခဲ့တာပဲဖြစ်မယ်…ဒါဆို သူရဲ့ အာရုံခံနိုင်တဲ့စွမ်းရည်က သိပ်ကိုအားကောင်းနေတယ်ဆိုတဲ့သဘောပေါ့…./

” ကံကောင်းသွားတာပါဗျာ…..”

ယန်လင်းချီ သူ့ကို ချီးကျူးနေသည့်အခါ လီလော့ မနေတတ်တော့ပေ။

သူသည် ယန်လင်းချီထင်နေသည့် ပါရမှရှင်မဟုတ်ခဲ့ပေ။ရေအလင်းပဲ့တင်ထပ်သံ၏ ထူးခြားချက်များကြောင့်သာ  60 % အထိ သန့်စင်နိုင်ခဲ့ခြင်းဖြစ်သည်။

လီလော့၏ အတွေးများကို မသိရှာသော ယန်လင်းချီက…..

“ဒီလိုအချိန်မျိုးမှာ နင်ရှိနေတာ ကံကောင်းတယ်လို့ပဲပြောရတော့မယ်….ရှီးယန်စံအိမ်ရဲ့ အကျိုးအမြတ်က နောက်ဆုံးနင့်ဆီပဲရောက်မှာဆိုတော့ ကျေးဇူးတင်စကားပြောမနေတော့ဘူး….”

ယန်လင်းချီက ပန်းလေးတစ်ပွင့် ဖူးပွင့်လာသည်နှင့်တူသော အပြုံးမျိုး ပြုံးပြနေပြီး…..

” ဒီနေ့ ငါနည်းနည်း စိတ်ကောင်းဝင်နေတဲ့အတွက် နင့်ကို ထမင်းလိုက်ကျွေးပါ့မယ်….”

တကယ်ဆို လီလော့ အိမ်ပြန်ပြီး စွမ်းအားကျင့်ကြံချင်သည့်အတွက် ငြင်းလိုက်ချင်သည်။ သို့သော်လည်း ယန်လင်းချီက သူမ၏ ပင်ကိုယ်ဗီဇကို သွေဖယ်ပြီး နှစ်လိုဖွယ်ကောင်းအောင် ပြုံးပြနေသည့်အတွက် လီလော့ မငြင်းရက်တော့ပေ။

” ကောင်းပါပြီဗျာ….ကျွန်တော့်အတွက်တော့ ဒီ့ထက်ပိုပြီး ကျေနပ်စရာကောင်းတာ ဘယ်ရှိပါတော့မလဲ….”

Comment

Leave a Reply

Options

not work with dark mode
Reset