အခန်း ( ၁၆၅ )

ကောင်းကင်မြေစီးကြောင်းစွမ်းအင်ကို လုယူခြင်း

ထိုတောင်ကြီးသည် အမှန်တကယ်ကိုပင် မဖော်ပြနိုင်လောက်အောင်ကြီးမားသော ဧရာမ တောင်ကြီးတစ်လုံးဖြစ်သည်။

အမှန်အတိုင်းပြောရမည်ဆိုလျှင် ထိုတောင်ကြီးမှာ အင်မတန်ကြီးမားလွန်းလှသည့်ဖြစ်ရာ မည်သည့်ပုံသဏ္ဍာန်ရှိသည်ဟု ပြောနိုင်ရန်ခက်ခဲလှသည်။ သူတို့ကြုံတွေ့ရသော မီတာသုံးသောင်းရှိသည့် ရွ ယ်ကျဲကော်တုမှာ အင်မတန်ကြီးမားသော အရိုးပိုကြီးဖြစ်လေသည်။

ပိုပြီးကြောက်စရာကောင်းသည်မှာ အရိုးပို ၏အောက်ခြေကိုပင် မမြင်နိုင်ခြင်းဖြစ်သည်။ ထို့ပြင် မီတာသုံးသောင်းသည် အရိုးပို တစ်ခုလုံးပေါ်ထွက်လာနိုင်ရန်ပင် လုံလောက်သော ကြီးမားသည့်ပမာဏမဟုတ်သေးပေ။

“အဲ့ဒီ သတ္တဝါက ဘယ်လောက်တောင်ကြီးလဲဆိုတာ တွေးကြည့်ဖို့တောင် အင်မတန်ခက်ခဲတာပဲ။

” ဒါ…ဒါ…ဒါက ရွှယ်ကျဲကော်တုများလား ”

” မဖြစ်နိုင်တာ ”

” ရွှယ်ကျဲကော်တုဆိုတာက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ လျှို့ဝှက်မှော်အတတ်မဟုတ်လား ”

လက်ရွေးစင်ငါးယောက်မှာ တကိုယ်လုံးတုန်ယင်နေပြီဖြစ်သည်။ ဝိညာဉ်စွယ်နှင့် ပေဟန်လဲ့မှာ အခြားသူများထက်ပင် ပိုမိုခံစားရခက်နေသည်။ သူတို့သည် ထိုကဲ့သို့သောအရာအတွက် ကြိုတင်ပြင်ဆင်မျှော်လင့်ထားပြီးဖြစ်သော်လည်း ဖြစ်ပျက်လာသမျှကို ယခုတိုင် အံ့သြမှင်သက်နေရဆဲဖြစ်နေသည်မဟုတ်ပါလော။

ကျုံးတာအိုနှင့် ရွှီရှောင်ရှန်းမှာမူ ရွှယ်ကျဲကော်တုကို အရင်ကတစ်ခါမှ တွေ့ကြုံဖူးခြင်းမရှိသူများဖြစ်ကြရာ တစ်ကိုယ်လုံးတောင့်တင်းသွားသည်အထိ ကြောက်လန့်သွားကြသည်။

အကြီးအကျယ်ဆုံး တုန်လှုပ်နေသည့်သူမှာတော့ ရှမ်ကွမ်းထျန်ယုံဖြစ်သည်။ ဆံပင်များမှာလည်း ဖရိုဖရဲဖြစ်နေကာ ပါးစပ်မှသွေးများကလည်း ယိုစိမ့်ကျလာနေသည်။ သူသည်အင်မတန်ကြောက်ရွံ့တုန်လှုပ်နေပြီး သစ်သားကြက်တစ်ကောင် ကိုတွေ့မြင်နေရသကဲ့သို့ ခံစားနေရသည်။ နှစ်တစ်သောင်းကြာလျှင်တောင်မှ ပိုင်ရှောင်ချန်းကသူ့ထက် အင်အားကြီးသည်ဟု ဘယ်တော့မှ ဝန်ခံမည်မဟုတ်ပေ။ သို့သော်လည်း သူ့တွင်ရွေးခြယ်စရာမရှိပေ။ ပိုင်ရှောင်ချန်းသည် သူ့ထက်ကို ပို၍ စွမ်းအားကြီးမားနေပြီဖြစ်သည်။

“ပြီးခဲ့တဲ့ လက်ရွေးစင် တိုက်ပွဲတုန်းက ငါတို့အဲ့လောက် ကွာခြားမှုမရှိသေးပါဘူးကွာ။ ခုတော့ အရာရာက ခြားနားခဲ့ပြီ…”

ထိုအခိုက်တွင် ကောင်းကင်ကြီးသည် မည်းမှောင်သွားပြီး မြေငလျင်များလည်းလှုပ်လာသည်။

မီတာသုံးသောင်းရှိသည့် ရွှယ်ကျဲကော်တုသက်စောင့်ဝိညာဥ်က ကြီးမားလှသော အရိုးပိုသာ ရှိနေသေးသည်။ ထိုအရိုးပို နှင့်နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ကျင့်ကြံသူများမှာ ပိုးကောင်အရွယ်ပမာဏမျှသာရှိသည်။
ထိုခဏတွင် ပိုင်ရှောင်ချန်းသည် အင်မော်တယ်တစ်ယောက်ဖြစ်သွားသည့်အလား ကမ္ဘာကြီးတစ်ခုလုံးက သူ့လက်ထဲတွင်ရှိနေသည်ဟုပင်ထင်ရလေသည်။

ပေါက်ကွဲသံများသည် အရှိန်အဟုန်ကြီးမားစွာဖြင့်လွင့်ပျံထွက်လာသည်မှာ ကောင်းကင်ဘုံ၏အမြ
င့်ဆုံးနေရာမှ မြေကမ္ဘာ၏အနက်ရှိုင်းဆုံးတိုင်အောင်ဖြစ်သည်။

သိပ်မဝေးသောနေရာတွင် အခြေအနေပေးခိုက် အခွင့်အရေးအား အမိအရဆုပ်ကိုင်ထားသော
စုန့်ချွဲသည် ကောင်းကင်စီးကြောင်းကို စုပ်ယူနေသည်မှာ တစ်ဝက်ခန့်ပြီးမြောက်နေပြီဖြစ်သည်။ သို့သော် သူ့စိတ်ထဲတွင် တုန်လှုပ်လျက်ရှိသည်။ အစောပိုင်းတွင် သူက တမင်တကာ ကောင်းကင်စီးကြောင်းများကို ခွဲထုတ်ပစ်နေခြင်းဖြစ်သည်။ သူမျှော်လင့်နေသည်မှာ ပိုင်ရှောင်ချန်းနှင့် အခြားဂိုဏ်းသားများတိုက်ခိုက်နေစဥ်တွင် ကိုယ်လွတ်ရုန်း ထွက်ပြေးနိုင်ရန်ဖြစ်သည်။သို့သော်လည်း ပိုင်ရှောင်ချန်းဆီမှ ပျံ့နှံ့လာသော
စွမ်းအား များကြောင့်သူ့မှာ ပင့်သက်ရှိုက်နေရတော့သည်။

” ဟာ…သေစမ်း….လွင့်လာတဲ့ စွမ်းအားတွေ”

အင်မတန်တုန်လှုပ်စွာဖြင့် စုပ်ယူနေခြင်းအား အတတ်နိုင်ဆုံး ပိုမြန်အောင်ကြိုးစားလေသည်။

ပိုင်ရှောင်ချန်းက သူ့နားကလူမှန်သမျှကို စိတ်ကြိုက်သတ်ဖြတ်နေသည်။

သူသည် ဘယ်တုန်းကမှ ယခုကဲ့သို့ လူမသတ်ဖူးပေ။ သူ့မျက်ဝန်းများသည် အင်မတန်ခက်ထန်ကြမ်းတမ်းသော အငွေ့အသက်များနှင့်ပြည့်နှက်နေသည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ အနည်းငယ် တုန်လှုပ်လျက်ရှိသည်။
အခြေခိုင်မြဲခြင်းအဆင့် မြေစီးကြောင်းကိုးခုကို အောင်မြင်ပြီးဖြစ်သော်လည်း သေရမည်ကိုတော့ ကြောက်နေသေးသည်။သို့ရာတွင် ရွေးခြယ်စရာမရှိသောကြောင့် ထိုအခြေအနေ၌ တိုက်ခိုက်နေခြင်းကသာ အားကိုးဖွယ်ဖြစ်သည်။

အထူးသဖြင့် ဂိုဏ်းသားများသည် သူ၏ကောင်းကင်စီးကြောင်းစွမ်းအားများကို လုယူရန်ကြိုးစားနေကြခြင်းဖြစ်သည်။ သို့သော်
ပိုင်ရှောင်ချန်း အတွက်မူ သူ့ဘဝနှင့်အသက်ကို လုယက်နေခြင်းနှင့် အလားသဏ္ဍာန်တူလေသည်။ သူ့ကိုရွေးခြယ်စရာမရှိအောင် အတင်းအကြပ်ချောင်ပိတ်လိုက်သကဲ့သို့ဖြစ်သည်။

အံ့အားသင့်ဖွယ် ရွှယ်ကျဲကော်တုပညာရပ်ကြောင့် ထိပ်သီး လက်ရွေးစင်ငါးယောက်မှာ နောက်သို့ပစ်ကျကာ သူတို့ပါးစပ်များမှ သွေးများပန်းထွက်လာသည်။ ထိုကဲ့သို့သော အဖြစ်အပျက်များကြောင့် သူတို့ကိုယ်တိုင်ပင်လျှင် ကိုယ့်ကိုယ်ကိုယ် အံ့အားသင့်နေကြသည်။ ချီစုစည်းမှုအဆင့်ဂိုဏ်းသားများကတော့ မီးရှူးမီးပန်းများကဲ့သို့ အစိပ်စိပ်အမြွှာမြွှာဖြင့် လေထဲတွင်ပင် ပေါက်ကွဲထွက်ကုန်ရာ ထိုဒေသတစ်ခုလုံးတွင် သွေးများနှင့် ပြည့်နှက်နေသည်။

ပိုင်ရှောင်ချန်း၏ ရွှယ်ကျဲကော်တုစက်ဝန်းအပြင်ဘက်တွင်ရှိသော ဂိုဏ်းသား တစ်ဒါဇင်ခန့်သာ အသက်ရှင်ကျန်ခဲ့လေသည်။ သူတို့သည် အင်မတန် ကြမ်းတမ်းရက်စက်လှသော လူသတ်ပွဲကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်ဖြစ်ရာ မျက်နှာများမှာ ဖြူဖပ်ဖြုရော်ဖြစ်ကုန်ကြသည်။ ထိုအခိုက်တွင် သူတို့အားလုံး ပင့်သက်ရှိုက်ကာ သွေးရူးသွေးတန်းဖြစ်ကုန်သည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်စီးကြောင်း စွမ်းအားများ မှေးမှိန်သွား၍ဖြစ်သည်။ သူတို့တစ်ကိုယ်လုံးတွင်လည်း ချွေးစီး ချွေးပေါက်များနှင့် စိုရွှဲနေကြလေသည်။

” သူကတော်တော်ကို လူမဆန်တာပဲ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကတောင် ဟုတ်ရဲ့လား။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက လူတွေထက်တောင် ရက်စက်နေသေးတယ် ”

” ဘယ်လိုတောင် ရက်စက်တာလဲ။ ဒီလို တိုက်ခိုက်မှုမျိုးက…ထိပ်သီး လက်ရွေးစင်ငါးယောက်ကိုတောင် ထိခိုက်အနာတရဖြစ်အောင်လုပ်နိုင်တဲ့အပြင် ချီစုစည်းမှုအဆင့်ဂိုဏ်းသားတွေ ဒါဇင်လိုက် သတ်ပစ်လိုက်တာ ”

နောက်ဆုံးတွင်မူ ပိုင်ရှောင်ချန်းက စတင်ထွက်ခွာသွားလေသည်။ ဝိညာဥ်စွယ်နှင့် အခြားလက်ရွေးစင်များက သေတော့မည့်လူအလား မျက်နှာများမှာဖြူဖျော့နေလျက် ရှောင်ချန်းထွက်သွားသည်ကို ငေးကြည့်နေသည်။ မည်သူမျှပင် သူထွက်သွားသည်ကို ရန်မစရဲပေ။

ဖြစ်သွားခဲ့သော အဖြစ်အပျက်များကို ပြန်စဥ်းစားကြည့်သောအခါ သူတို့သည် ကောင်းကင်တာအိုအခြေခိုင်မာခြင်းအငွေ့အသက်များနှင့် ထိတွေ့လိုက်ရခြင်းဆိုသည်မှာ သေချာသွားလေသည်။ သူတို့အားလုံး၏ နှလုံးအိမ်ထဲတွင် သေရာပါမည့် အကြောက်တရားများကိန်းဝပ်သွားပြီဖြစ်သည်။ သူတို့အားလုံးပေါင်းကာ ပိုင်ရှောင်ချန်းကိုအနိုင်တိုက်ရန် ကြိုးစားမည်ဆိုလျှင်တောင်မှ ရှုံးနိမ့်နေဦးမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် တစ်နေရာရာဆီသို့ လျင်မြန်စွာသွားနေသည်။ ပါးစပ်မှလည်း သွေးများကျကာ တုန်လှုပ်လျက်ရှိသည်။ သူ့မျက်နှာမှာလည်း ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်၏အထွတ်အထိပ်သို့ရောက်သွားပြီဖြစ်သော်လည်း လက်ရွေးစင်ငါးယောက်နှင့် ချီစုစည်းမှုအဆင့်ဂိုဏ်းသားများကိုတိုက်ခိုက်ရာတွင်မူ သူ့ကိုယ်တိုင်ဒဏ်ရာများမရဘဲ တိုက်ခိုက်ဖို့ရာ မဖြစ်နိုင်ပေ။

သူ့တွင် ထာဝရရွှေအရေပြားသာ မရှိခဲ့ဘူးဆိုပါက ထိုဒဏ်ရာများ ပိုမိုပြင်းထန်လိမ့်မည်ဆိုသည်မှာ သေချာလေသည်။ ကျေးဇူးတင်ရမည်မှာ ထာဝရအသက်ရှည်နည်းကျင့်စဥ်မှ သာမန်ထက်ပိုသော ပြန်လည်ကုစားနိုင်စွမ်းများကြောင့် ခန္ဓာကိုယ်ကို အလိုအလျောက် ကုသပေးနေခြင်း ဖြစ်သည်။

” နောက်ဆုံးပိတ် အိတ်နဲ့လွယ်သွားတဲ့စုန့်ချွဲ ”

“မင်းက လက်ကျန် ကောင်းကင်စီးကြောင်းစွမ်းအင်လေးကို လုယူသွားပြီး ဒီလမ်းအတိုင်းထွက်ပြေးသွားတယ် ဟုတ်လား ”

ပိုင်ရှောင်ချန်း မျက်လုံးများသည် ပကတိနီရဲနေပြီဖြစ်သည်။ ထိုအချိန်တွင် သူ၏ စိတ်စွမ်းအင်ပင်လယ်ထဲမှ ကောင်းကင်စီးကြောင်းစွမ်းအင်များကို အနည်းငယ်စုပ်ယူပြီးနေပြီလည်း ဖြစ်သည်။

သို့သော်လည်း သူပြောနိုင်သည်မှာ ၎င်းသည် ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်အတွက် လုံလောက်သော စွမ်းအင်ပမာဏမဟုတ်သေးပေ။ ထို့ပြင် သူသည် ကောင်းကင်စီးကြောင်းစွမ်းအင် အကပ်အသပ်လေးကို ရှေ့တည့်တည့်တွင် အာရုံခံမိနေသည်မှာ လမိုက်ညတွင်တောက်ပစွာလောင်ကျွမ်းနေသောမီးကဲ့သို့ဖြစ်လေသည်။

” စုန့်ချွဲက ကောင်းကင်စီးကြောင်းစွမ်းအင်တွေ
ခွဲထွက်သွားအောင် ပြင်ဆင်ထားခဲ့တာပဲ။ ဒါမှမဟုတ် သူကိုယ်တိုင်ခွဲထုတ်ပစ်လိုက်တာလည်း ဖြစ်နိုင်တယ် ”

ခဏလေးပင်မနားဘဲ ပိုင်ရှောင်ချန်းက ခပ်သွက်သွက်ခရီးနှင်နေသည်။

အစတုန်းက မြေခဓားချောက်ထဲသို့ လူပေါင်းလေးရာခန့် ဝင်သွားခြင်းဖြစ်သည်။ ယခုမူ လူခြောက်ဆယ်ခန့်သာကျန်ခဲ့တော့သည်။ ကျန်ခဲ့သောလူ အများစုမှာလည်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများဖြစ်ကြသည်။

ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံးမှာ အပျောက်ရှင်းသုတ်သင်ခြင်းခံလိုက်ရသကဲ့သို့ဖြစ်ပြီး ဂိုဏ်းသားငါးယောက်သာကျန်ခဲ့သည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက ဂိုဏ်းသားဆယ်ယောက်ခန့် အသက်ရှင်ကြပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ထို့ထက်အနည်းငယ်ပိုလေသည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ဂိုဏ်းသားများသည် ပိုင်ရှောင်ချန်း၏ ဒီရေစီးကြောင်းများပြီးသွားသည့်အခါ တိုက်ပွဲအတွင်း၌ ဒဏ်ရာရသူများကို တတ်နိုင်သမျှပြုစုပေးကြသော်လည်း အချို့မှာ သေသွားကြသည်။ အထူးသဖြင့် ပိုင်ရှောင်ချန်းနှင့်အနီးဆုံးလူများဖြစ်ကြသည်။ သို့ပင်လျှင် ကောင်းကင်စီးကြောင်းစွမ်းအင်ကို ဒဏ်ရာရစေရုံခန့်သာ ရည်ရွယ်သည်ဖြစ်ပြီး အသက်အန္တရာယ်အထိမရည်ရွယ်ပေ။ သို့သော် ထိုနေရာတွင်ပင် အယောက်သုံးဆယ်ခန့် ပွဲချင်းပြီး ကိစ္စပြတ်သွားလေသည်။

ပိုင်ရှောင်ချန်း၏ ရက်စက်မှုများသည် မြေခဓားကမ္ဘာ၏ ရက်စက်ကြမ်းကြုတ်ခြင်းရာဇဝင်တွင်ခဲ့သည့် လွန်ခဲ့သောနှစ်ရှစ်ရာခန့်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက အတုမဲ့သခင်ကိုတော့ ကျော်လွန်ခြင်းမရှိသေးပေ။

သို့သော်လည်း ပိုင်ရှောင်ချန်းသည်လည်း မီလုနီးပါး ဖြစ်လေသည်။

ပိုင်ရှောင်ချန်းသည် စုန့်ချွဲဆီသို့ အရှိန်အဟုန်နှင့် သွားနေသောကြောင့် ကောင်းကင်တခွင်လုံးတွင် အုန်းအုန်းတိုက်နေသည်။ စုန့်ချွဲသည် ယာယီအင်မော်တယ်ဂူတစ်ခုထဲတွင် ရှိနေသည်။ ဆံပင်များကလည်း ဖရိုဖရဲနှင့် ရှုပ်ပွခတ်နေသည်။ သူ၏ ဖုန်းရွှေသံလိုက်အိမ်မြှောင်ကိုဖိချလိုက်သောအခါ ကောင်းကင်စီးကြောင်းစွမ်းအင်အတန်းလိုက်ကြီးသည် သံလိုက်အိမ်မြှောင်ထဲမှ ထွက်လာပြီး သူ၏ နားများ၊ နှာခေါင်းများ၊ ပါးစပ်များမှတစ်ဆင့် ဝိညာဥ်စွမ်းအင်ပင်လယ်ရှစ်ခုဆီသို့ စီးဝင်သွားသည်။

ကောင်းကင်စီးကြောင်းစွမ်းအင်များသည် စုန့်ချွဲကိုယ်တွင်းထဲ၌ တည်ငြိမ်ခြင်းမရှိပေ။ အကယ်၍ သူသာ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားမည်ဆိုပါက စွမ်းအင်များကအကုန်လွင့်ပျံထွက်လာမည်ဖြစ်သည်။ ထိုစွမ်းအင်များတည်ငြိမ်သွားရန် တစ်ခုတည်းသော နည်းလမ်းမှာ အချိန်တစ်ခုကြာသည်အထိစောင့်ရန် သို့မဟုတ် ကောင်းကင်စီးကြောင်းစွမ်းအင်များကို ထပ်ပေါင်းထည့်ရန်သာဖြစ်သည်။

ထို့ပြင် ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်အတွက် နောက်ထပ်ဝေစုတစ်ခုကိုစုပ်ယူရန်လိုအပ်နေသေးသည်။

” ပိုင်ရှောင်ချန်း ”

နောက်ဆုံးသော ကောင်းကင်စီးကြောင်းစွမ်းအင်က သူ၏ကိုယ်တွင်းသို့ ဝင်ရောက်လာပြီးနောက်တွင် မျက်လုံးများကိုဖွင့်လိုက်ရာ သွေးရူးသွေးတမ်းဖြစ်လျက် တလက်လက်တောက်ပနေသည်။ အဝေးတစ်နေရာဆီမှ အလင်းတန်းများက သူ့ဆီသို့ချဥ်းကပ်လာပြီး ရုတ်တရက် နီး၍လာရာ ခရမ်းရောင်ချီစောက်အိုးကြီးကို မြင်လိုက်ရပြီး သူ့ထံသို့ ဝင်ရောက်လာသည်။

အင်မော်တယ်ဂူတစ်ခုလုံး ပြိုကျသွားသဖြင့် နားကွဲလုမတတ်အသံကြီးက ပဲ့တင်သံဟိန်းကာ ပေါ်ထွက်လာပြီး စုန့်ချွဲက အသက်ကိုဝဝရှုကာ လေကိုခွင်း၍ ပိုင်ရှောင်ချန်းဆီသို့ ဝင်ရောက်လာသည်။

တိုက်ပွဲအတွင်း မည်သူကမှ ထွက်မပြေးပေ။ နှစ်ယောက်လုံးက အခြားတစ်ယောက်ကိုယ်တွင်းတွင်ရှိသော ကောင်းကင်စီးကြောင်းစွမ်းအင်ကို အလိုရှိနေကြသည်။ ထိုအချိန်တွင် သူတို့၏ ဝှက်ဖဲများကို ထုတ်သုံးရန် လိုအပ်လာခဲ့သည်။

” ဒီကောင်က ကျိန်းသေပေါက် သေချာပြင်ဆင်လာမှာပဲ ”

ပိုင်ရှောင်ချန်းက တွေးသည်။

” သူ့ကိုယ်ထဲက ကောင်းကင်စီးကြောင်းစွမ်းအင်ကို ထုတ်ယူနိုင်ဖို့ နည်းလမ်းရှာရမယ်။ အချိန်ထပ်ဆွဲနေမယ်ဆိုရင် အမှားတွေလုပ်မိတော့မှာပဲ ”

တုန့်ဆိုင်းခြင်းအလျဥ်းမရှိဘဲ စောစောကထက် ပိုမိုမြန်ဆန်သောအရှိန်နှင့် စတင်တိုက်ခိုက်လိုက်သည်။

စုန့်ချွဲက ညာလက်ဖြင့် လက်ကွက်ပုံဖော်လိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ ပစ်လိုက်သည်။ ပိုင်ရှောင်ချန်း၏ အောက်တွင် သွေးတံဆိပ်တော် တစ်ခုပေါ်လာပြီး ပေါက်ကွဲသွားသည်။

တဆက်တည်းမှာပင် သွေးချီစီးကြောင်းတစ်ခုက စုန့်ချွဲဆီမှာ ဝေ့ကာထွက်ပေါ်လာပြီး အတူတကွပေါင်းစည်းပြီးနောက် သွေးဓားတစ်ချောင်းပေါ်ထွက်လာသည်။

ပိုင်ရှောင်ချန်းသည် နောက်ထပ်လက်ကွက်တစ်ခုကိုဖော်လိုက်ပြီး ခရမ်းရောင်ချီဒယ်စောက်အိုးတစ်ခုကို ဆင့်ခေါ်လိုက်သည်။ တချိန်တည်းမှာပင် နဂါးလိုဆင်လိုအဏ္ဏဝါစွမ်းအင်များပါ ထုတ်လိုက်သည်။ စုန့်ချွဲက အနားသို့တိုးလာသောအခါ တောင်ပြိုလဲကာ ပင်လယ်ကို ခမ်းခြောက်စေမည့်အလား တစ်ကိုယ်လုံးတွင် ရှိသမျှခွန်အားများကိုသုံးလိုက်ပြီး လက်သီးဆုပ်များ ကန်ချက်များကို ဖွင့်ထုတ်လိုက်သည်။

ရွှေကျီးကန်းဓားနှင့် သူ၏ သစ်သားဓားငယ်လေးပေါ်လာပြီး မယုံနိုင်စရာကောင်းအောင် အမြန်နှုန်းဖြင့် လေကိုခွင်း၍ တဝီဝီမြည်ဟည်းလျက် ပျံသန်းသွားသည်။

စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသုံးဆင့်ပြုလုပ်ထားသော ဓားနှစ်ချောင်းကိုလည်း ပစ်လွှတ်လိုက်သည်။ ဓားမှချီစွမ်းအင်များပျံလွင့်နေရာ အနက်ရောင်အခိုးအငွေ့များပင် ထွက်ပေါ်နေသည်။ ရွှေကျီးကန်းဓားကမူ ပိုင်ရှောင်ချန်းသည် အခြေခိုင်မာခြင်း အဆင့်ကို ရောက်သွားပြီဖြစ်ရာ ဓားတွင် စစ်မှန်သောမီးတောက်များက အရင်ကထက်ပို၍ တဟုန်းဟုန်း တောက်လောင်နေသည်။

တခဏလေးအတွင်းမှာပင် သူတို့နှစ်ယောက်သည် ရာပေါင်းများစွာသော တရစပ်ထိုးနှက်ချက်များဖြင့် အပြန်အလှန်တိုက်ခိုက်ကြပြီး ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များက ပို၍ ကြီးမားလာသည်။ စုန့်ချွဲသည် ဒီရေစီးကြောင်းရှစ်ခု၏စွမ်အားများကိုသုံး၍ တိုက်ခိုက်နေသည်ဖြစ်ရာ အင်မတန်ကြောက်စရာကောင်းသည့် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံများက ပေါ်ထွက်နေသည်။

ပိုင်ရှောင်ချန်းသည် စုန့်ချွဲထက် အနည်းငယ် သာလေသည်။ သူ့တွင် ထာဝရရွှေအရေပြားရှိသည်။ လူသားဘဝ၏ပထမအတားအဆီးကိုလည်း ကျော်လွန်ပြီးဖြစ်သည့်အပြင် ဒီရေစီးကြောင်းကိုလည်း ကိုးခုထိပိုင်ဆိုင်ထားရာ စုန့်ချွဲထက် ပိုအဆင့်မြင့်လေသည်။ မှန်သည်။ စုန့်ချွဲက ဒဏ်ရာကလည်း ရထားသေးသည်။

တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်ချက်များ တစ်ချက်ထိလိုက်သည်နှင့် ကောင်းကင်စီးကြောင်းစွမ်းအင်များက ထွက်လာသည်။ ထိုအရာကို ကျန်တစ်ယောက်က စုပ်ယူလိုက်သည်။

ဤသို့ သံသရာလည်နေရင်း စုန့်ချွဲက ကောင်းကင်စီးကြောင်းစွမ်းအင်များ ပိုမိုဆုံးရှုံးနေသည်။ မူလစွမ်းအင်၏ ငါးဆယ်ရာခိုင်နှုန်းခန့်ပင် ဆုံးရှုံးပြီးဖြစ်ကာ ပိုင်ရှောင်ချန်းက သုံးဆယ်ရာနှုန်းခန့်သာ ဆုံးရှုံးသေးသည်။

သူတို့သည် အပြန်အလှန်တိုက်ခိုက်နေခြင်းဖြစ်သော်လည်း ပိုင်ရှောင်ချန်းကသာလျှင် စွမ်းအင်များကို ဆက်တိုက်ဆက်တိုက်စုပ်ယူနိုင်နေသည်။

နတ်ဘုရားစွမ်းအင်များက တရစပ် ထွက်ပေါ်နေသည်။ စုန့်ချွဲက လက်ရှိတွင် ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသော်လည်း သွေးချီများ ပြန်လည်ပြည့်နှက်လာနေသည်။ ချက်ချင်းပင် သူက ပိုင်ရှောင်ချန်းကို သတ်ပစ်နိုင်လောက်သည်အထိ ကြီးမားလှသော သွေးဓားကြီးကို ဆင့်ခေါ်လိုက်သည်။ ထို့ပြင် ပိုင်ရှောင်ချန်း၏ ထာဝရရွှေအရေပြားသည် စတင်မှိန်လာပြီး နောက်ထပ် ထပ်ပြီးထိန်းမထားနိုင်တော့သည့်အခြေအနေဖြစ်နေပြီ ဖြစ်သည်။

စုန့်ချွဲဘာလုပ်နေတာဆိုသည်ကို ပိုင်ရှောင်ချန်းက သိနှင့်ပြီးသားဖြစ်သည်။ ပိုင်ရှောင်ချန်းက စုန့်ချွဲသည် မည်သည့်နည်းနှင့်မျှ သူ၏ပြိုင်ဘက်မဟုတ်သည်ကိုသိပြီးဖြစ်သည်။ ဆိုလိုသည်မှာ တိုက်ခိုက်နေစဥ်တွင် သူ၏ ဝတ်ရုံအောက်၌ ဝှက်ဖဲအဖြစ် တစ်ခုခုဝှက်ထားလိမ့်မည်ဟူ၍ပင်။

ထို့ပြင် စုန့်ချွဲသည် ဂိုဏ်းသုံးဂိုဏ်းလုံးကို လှုပ်ကိုင်ပစ်နိုင်သည့် သွေးစွမ်းအင် နတ်ရေစင်ဂိုဏ်းမှ ထိပ်သီး လက်ရွေးစင်တစ်ယောက်ဖြစ်သည်။ သူ့ဂိုဏ်းတွင် အခြားသော ထိပ်သီး ဂိုဏ်းသားများရှိနိုင်သေးသော်လည်း ယခုလက်ရှိသည်နေရာမှာ စုန့်ချွဲသာရှိကာ ပိုင်ရှောင်ချန်းနှင့် တိုက်ခိုက်ရန်ဖြစ်လာသည်မှာလည်း စုန့်ချွဲ ပင် ဖြစ်နေရာ သာမန်ကျင့်ကြံသူများထက် သာလွန်မည်မှာ သိသာထင်ရှားသည်။

စုန့်ချွဲသည် အခြေအနေကောင်းဟန်မတူပေ။ သို့သော်လည်း သူ့ပါးစပ်ကိုဖွင့်ကာ သွေးလုံးတစ်လုံးကို ပစ်လွှတ်လိုက်သည်။ ပိုင်ရှောင်ချန်းသည် ထိုအခြေအနေကို စောင့်နေခြင်းဖြစ်ပြီး နောက်သို့ဆုတ်လိုက်သည်။ ထိုသို့စုန့်ချွဲပြုပြီးသည်နှင့် သွေးလုံးက ပေါက်ကွဲထွက်သွားပြီး ပြင်းထန်သောအားလှိုင်းများက ပတ်ဝန်းကျင်အနှံ့ ပျံ့လွင့်သွားသည်။

ကောင်းကင်တစ်ခုလုံး တုန်ခါသွားပြီး လေပြင်းမုန်တိုင်းတစ်ခုဖြစ်ပေါ်လာကာ မြေပြင်တစ်ခုလုံး စုတ်ပြတ်သွားသည်။ မီတာသုံးရာအတွင်းတွင်ရှိသောအရာအားလုံးသည် လေပြင်းဒဏ်ကြောင့် ပြားချပ်သွားသည်။ ပိုင်ရှောင်ချန်း၏နှုတ်ခမ်းထောင့်မှလည်း သွေးများစီးကျလာသည်။ စုန့်ချွဲက သွေးတစ်ပွက်အန်ထွက်လိုက်သော်လည်း အသက်ကိုပြင်းပြင်းရှူလိုက်သည်။ သူ့ခန္ဓာကိုယ်မှာလည်း အပြင်ပန်းတွင် ညှိုးနွမ်းသွားသယောင်ရှိသည်။ ချက်ချင်းပင် တဖန်ပြန်ကာ စွမ်းအားကိုဖြည့်လိုက်ပြီးသည် နှင့်တပြိုင်နက် ရက်စက်သောအသွင်အပြင်နှင့် ပိုင်ရှောင်ချန်းဆီသို့ တရှိန်ထိုး ဝင်လာပြန်သည်။

” သေစမ်း ”

သူက အော်ဟစ်လိုက်သည်။ သွေးချီဓားကို လက်နှင့်နောက်သို့အားယူလိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ ရက်စက်စွာ ထိုးသွင်းလိုက်သည်။ ဓားသည်လေကိုခွင်း၍ တည့်တည့်ဝင်လာရာ သွေးစွန်းနေသည့် လခြမ်းကွေးကဲ့သို့ပင်ဖြစ်သည်။

ထိုအရာသည် သူ၏ဝှက်ဖဲဖြစ်ကာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ ကျုံးဖုန်တောင် ၏ လျှို့ဝှက်မှော်ပညာရပ်ဖြစ်သော သွေးမုန်တိုင်းပညာရပ်ပင် ဖြစ်ပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset