အခန်း (၁၄၁)

မြေခဓားမဟူရာချောက်

ပိုင်ရှောင်ချန်းရောက်ရှိလာသောကြောင့် အတော်များများက အာရုံစိုက်လာကြသည်။ ရှန်ကွမ်းထျန်ယုံ၊ ကျိုးရှင်းချီ၊ လုထျန်လဲ့၊ ပေဟန်လဲ့၊ ရွှီဆုန်၊ ကုန်းစွန်းဝမ်အာ၊ ကုန်းစွန်းယွင်၊ ဟိုယွင်ဖေး နှင့် ဝိညာဥ်စွယ်တို့ အပါအဝင် လူအားလုံးက သူ့ကို အကဲခတ်ကြည့်ရှုနေကြသည်။

လီချင်းဟောက်၏ မျက်လုံးများတွင် အားပေးနှစ်သိမ့်သော အကြည့်များ တဖြည်းဖြည်းဖြစ်ပေါ်လာခဲ့သည်။

ပိုင်ရှောင်ချန်းသည် လီချင်းဟောက်ဆီသို့ အမြန်သွားကာ လက်၂ဖက်ဆုပ်၍ လေးနက်စွာ ဦးညွှတ်လိုက်သည်။

လီချင်းဟောက်သည် ပိုင်ရှောင်ချန်း၏ ရဲရဲနီနေသော မျက်လုံးများကို ကြည့်ကာ လာရောက်ရန် သူ့ကိုယ်သူ တွန်းအားပေးရသည်မှာ အတော်လေး ခက်ခဲခဲ့မည်ကို သဘောပေါက်လိုက်သည်။

” ငါ့နောက်မှာ ရပ်နေ။ ” ဟု သူက ပြောလိုက်သည်။

ပိုင်ရှောင်ချန်းသည် ကိုယ်ကို ပြန်မတ်ကာ လီချင်းဟောက်၏ နောက်သို့ အမြန်သွားရပ်လိုက်သည်။ ဘေးဘီကို လှည့်ကြည့်လိုက်သောအခါ မြောက်ဘက်ခြမ်းသို့ ပြောင်းလာကတည်းက မတွေ့ရသေးသော ဟိုယွင်ဖေးကို တွေ့လိုက်ရသည်။ ကွဲကွာနေသော အချိန်အတွင်းတွင် ဟိုယွင်ဖေးသည် နတ် မီးလျှံ အတွင်းစည်း ဂိုဏ်းသားရွေးချယ်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခဲ့သည်။ အတွင်းစည်းဂိုဏ်းသားဖြစ်လာပြီးနောက်တွင် မျိုးနွယ်စု၏ အကူအညီဖြင့် ချီစုစည်းမှုအဆင့်၁၀ထိရောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

မျက်လုံးချင်းဆုံမိသည်တွင် ဟိုယွင်ဖေးက အားပေးသောအနေဖြင့် ခေါင်းညိတ်ပြလေရာ ပိုင်ရှောင်ချန်းကလည်း ပြန်လည်ခေါင်းညိတ်ပြလိုက်သည်။ မဟာခန်းမဆောင်၏ ပင်မတံခါးများမှာ ပွင့်ဟနေပြီးဖြစ်ရာ စကားပြောရန် အချိန်မရှိတော့ပေ။

တံခါးပွင့်သွားသည်တွင် အတွင်းထဲမှ ကျိန်းယွမ်သုန်၏ အသံသည် အပြင်ဘက်သို့ ဟိန်းထွက်လာလေသည်။

ရှေးဟောင်းဝိညာဥ်တခါးပေါက်ရဲ့ မူလအစက ဘယ်ကလဲဆိုတာ မသိကြဘူး။ ဒီနေရာဟာ ဟိုးအရင် အထီးကျန်ငရဲနယ်မြေ မရှိခင်တုန်းက အရှေ့ဘက်သစ်တော အောက်ပိုင်းဒေသမှာရှိတဲ့ မြေစီးကြောင်းစွမ်းအင်တွေစုစည်းရာ တစ်ခုတည်းသောနေရာ ဖြစ်တယ်။ အင်အားကြီးဂိုဏ်း၃ခုက အဲ့ဒီနေရာကို မထိန်းချုပ်ခင်အချိန်ထိ ဝိညာဥ်တံခါးပေါက်ရဲ့ အပြင်ဘက်မှာ မရေမတွက်နိုင်တဲ့ စစ်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဟာ အင်အားကြီးမားလာတဲ့အချိန်မှာတော့ အဲ့ဒီနေရာဟာ ဂိုဏ်းကြီး၄ခုရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားတယ် ”

“အထီးကျန်ငရဲနယ်မြေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀,၀၀၀လောက်တုန်းကမှ ငရဲသစ်တောဒေသထဲမှာ ရုတ်တရက်ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်။ အဲ့ဒီနေရာက မြေစီးကြောင်းအဆိပ်သားရဲတွေကလွဲပြီး သက်ရှိတစ်ကောင်တစ်လေမှ မနေတဲ့ ဖုန်းဆိုးနယ်မြေတစ်ခုဖြစ်တယ်။ ဂိုဏ်းကြီး၄ခုက အဲ့ဒီနေရာကို သိမ်းပိုက်ပြီးတော့ ဒုတိယအခြေခိုင်မာခြင်းအဆင့်မြင့်မြတ်တဲ့နယ်ေမြတွေ အဖြစ် မျှဝေကြမယ်လို့ မရွေးချယ်ရသေးခင်အချိန်ထိ အဲ့နေရာအတွက်နဲ့ တိုက်ပွဲအမြောက်အများ တိုက်ခိုက်ခဲ့ရတယ်။

” မြေခဓားမဟူရာချောက်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀၀၀လောက်တုန်းက ကောင်းကင်ယံကနေ အောက်ကို ဖော်ပြလို့မရနိုင်လောက်အောင် ကြီးမားလှတဲ့ ဓါးကြီးတစ်စင်းကျဆင်းလာတဲ့အချိန်မှာ စတင်ပေါ်ပေါက်လာခဲ့တာ။ ဓားကြီးက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားပေါင်းတစ်ရာလောက် အတူတကွ စုစည်းထားတာထက်တောင် ပိုကြီးမားပြီးတော့ ကြောက်စရာကောင်းလောက်တဲ့ စွမ်းအားတွေ အဲ့ဒီမှာ ရှိနေတယ်။ ဓားက အပေါ် ပိုင်းလွှာကို ထိုးဖောက်သွားပြီး မီးတောက်ကြိုးကြာတောင်အနီးမှာရှိတဲ့ မြေပြင်ကို ထိုးစိုက်သွားခဲ့တယ်။ ဓားကထွက်နေတဲ့အငွေ့အသက်တွေက ဟိုးမြေအောက်ကမ္ဘာအထိ ရောက်တယ်။ ဓါးရဲ့ ကိုယ်ထည်မှာ မြေစီးကြောင်းစွမ်းအင်တွေက စိမ့်ဝင်ပျံ့နှံ့နေတယ်။ [1. ဤ “မီးတောက်ကြိုးကြာ”သည် တရုတ်ဒဏ္ဍာရီများမှ ဆင်းသက်လာသော ငှက်တစ်မျိုးဖြစ်သည်။ ထိုငှက်အကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဆောင်းပါးကောင်းကောင်းကို မရှာနိုင်ခဲ့ပါ။ ရှာတွေ့ခဲ့သော ပိုင်တူဆောင်းပါးအရဆိုလျှင် ထိုငှက်သည် ကျရောက်လုဆဲဆဲဖြစ်သော ပျက်စီးခြင်းကို ဖော်ပြသည့် နမိတ်ကို ကိုယ်စားပြုသည်။ ငှက်၏ တရုတ်နာမည်ဖြစ်သော “ပိဖန်”သည် သစ်သား သို့မဟုတ် ဝါးကို လောင်မြိုက်လျှင် ထွက်ပေါ်လာသော အသံများမှ တစ်ဆင့်ဖြစ်ပေါ်လာသည်ဟု ယူဆကြသည်။ ထိုငှက်တွင် ခြေထောက်၁ချောင်း၊ အပြာရောင်ငှက်မွှေးများ၊ အနီရောင်အစက်အပြောက်များနှင့် အဖြူရောင်နှုတ်သီးများ ရှိသော်လည်း အနီရောင်သရဖူ ဆောင်းထားသော ကြိုးကြာငှက်တစ်ကောင်နှင့် ဆင်ဆင်တူပေသည်။ ]

” အဲ့ဒါကြောင့်မလို့ ဒီဓါးရဲ့ အတွင်းပိုင်းက တခြားအခြေခိုင်မာခြင်းအဆင့် မြင့်မြတ်တဲ့နယ်မြေ ၂ခုလိုမျိုးပဲ မရေမတွက်နိုင်တဲ့ မြေစီးကြောင်းအဆိပ်သားရဲတွေနဲ့ ပြည့်နှက်နေတယ်။မြေစီးကြောင်းစွမ်းအင်ကို စုဆောင်းဖို့အတွက် အဲ့ကောင်တွေကို သတ်ပါ။ စွမ်းအင်အလုံအလောက်ရပြီဆိုရင် မြေစီးကြောင်းဆွဲငင်သလင်းကျောက် အဖြစ် ဖွဲ့စည်းလိုက်ပြီး မြေခဓားမဟူရာချောက်ထဲမှာ ကိန်းအောင်းနေတဲ့ မြေစီးကြောင်းစွမ်းအင်ကို ဆင့်ခေါ်ပါ ”

“ ဂိုဏ်းကြီး၄ခုရဲ့ စုံစမ်းစစ်ဆေးချက်တွေ၊ သုံးသပ်ချက်တွေအရ ဓါးဟာ ကောင်းကင်ယံကနေ ကျဆင်းလာ တဲ့အချိန်မှာ ကောင်းကင်တာအို အငွေ့အသက်အနည်းငယ်ကို စုပ်ယူခဲ့တယ်။ အဲ့ဒီတော့ ဓါးထဲမှာ ကောင်းကင်စီးကြောင်းအနည်းငယ်ရှိနေနိုင်တယ်ဆိုတဲ့ သဘောပဲ ”

“ ကောင်းကင်စီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကို ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်လို့လည်း ခေါ်သေးတယ် ” ထိုအချိန်တွင် ကျိန်းယွမ်သုန်သည် ခဏတာမျှ ရပ်နားလိုက်ကာ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများသည် လျှပ်စီးလက်နေသည့်အလား တဖျပ်ဖျပ်တောက်ပလျက်ရှိသည်။

“ကျင့်ကြံသူတွေရဲ့ လမ်းဟာ အဟန့်အတားတွေများပြီးတော့ ကျဥ်းမြောင်းတယ်။ အဲ့ဒီလမ်းကို လျှောက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက မရေမတွက်နိုင်တဲ့ အလောင်းကောင်တွေကို ဖြတ်နင်းပြီးမှ သွားဖို့ပဲ။ အဲ့လိုလုပ်မှသာ အကြီးမြတ်ဆုံးသော တာအိုနဲ့ ကြုံတွေ့ နိုင်တဲ့ အခွင့်အရေးကို ရမှာ ”

” ဒီအခြေခိုင်မာခြင်းအဆင့် နတ် မီးလျှံပြိုင်ပွဲအတွင်းမှာ တခြားဂိုဏ်းကြီး၃ခုက ဂိုဏ်းသားတွေကို တတ်နိုင်သလောက်သတ်ဖို့ မင်းတို့အားလုံး ကြိုးစားရမယ်။ ဒါက နတ်မီးလျှံပြိုင်ပွဲ တစ်ခုဖြစ်သလို ဂိုဏ်းကြီး၄ခုကြားက စစ်ပွဲတစ်ခုလည်း ဖြစ်တယ်။ အရမ်းအရေးကြီးပြီးတော့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ကံကြမ္မာနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။ ပြန်ရောက်လာရင် အဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ ထပ်ပြောပြမယ်!”

“ တခြားဂိုဏ်း၃ခုကလည်း မင်းတို့ကို သတ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားမှာ သေချာတယ်။ အခြေ ခိုင်မာခြင်းအဆင့် မြင့်မြတ်တဲ့နယ်မြေတွေမှာ အခြေခိုင်မာခြင်းအဆင့်ကို ရောက်ဖို့ဆိုတာ လူတိုင်းရနိုင်တဲ့ အခွင့်အရေး မဟုတ်ဘူး။ စွမ်းအင်အရင်းအမြစ်တွေက အကန့်အသတ်ရှိတယ်။ ဒါက ကြီးမြတ်တဲ့ တာအိုအတွက် ယှဥ်ပြိုင်မှုတစ်ခုပဲ ”

ကျိန်းယွမ်သုန်သည် အင်္ကျီလက်ကို ဝှစ်ခနဲမြည်အောင် ခါရမ်းလိုက်စဥ် သူ၏ မိုးကြိုးတမျှကျယ်လောင်သော အသံသည် အဖက်ဖက်သို့ ဟိန်းထွက်သွားလေသည်။ အတွင်းစည်းဂိုဏ်းသား၂၀၀ကျော်သည် ယုံကြည်ချက်အပြည့်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

” ဒီ အခြေခိုင်မာခြင်းအဆင့်နတ်မီးလျှံပြိုင်ပွဲမှာ ယန်ဝေ့တောင် နှင့် ခရမ်းဒယ်အိုးစောက်တောင်က တောင်ထိပ်သခင်၂ယောက်ရယ်၊ တရားစီရင်ရေးခန်းမဆောင်က အူယန်ကျဲရယ်က အကြီးအကဲတွေအနေနဲ့ လိုက်ပေးလိမ့်မယ်။ သူတို့က လိုအပ်တဲ့ အစီအစဥ်တွေ အားလုံးကို လုပ်ပြီးသွားပြီ။ ဂိုဏ်းသား၁၀၀ကျော်က မြေခဓားမဟူရာချောက်ကို ဝင်မယ်။ ၁ဖွဲ့ကို ၇၅ယောက်ပါတဲ့ ၂ဖွဲ့က အထီးကျန်ငရဲနယ်မြေနဲ့ ရှေးဟောင်းဝိညာဥ်တံခါးပေါက်ကို ဝင်မယ်။ ကဲခု အခြေခိုင်မာခြင်းအဆင့်မြင့်မြတ်တဲ့နယ်မြေတွေကို ရောက်သွားစေမယ့် မဟာမန္တာန်မစီအရင်ကို အသက်သွင်းလိုက်တော့ ”

မကြာမီပင် ပြင်းထန်လှသော မြည်ဟိန်းသံများထွက်ပေါ်လာကာ ကြီးမားသော မန္တန်အစီအရင်သည် ပွင့်ဟလာကာ ဂိုဏ်းသားပေါင်း ၂၀၀ကျော်သည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားလေသည်။ မန္တန်အစီအရင်၏ အပြင်ဘက်တွင် လီချင်းဟောက်သည် မျှော်လင့်ချက်များ၊ စိတ်ပူပန်မှုများ ပြည့်နှက်နေသည့် မျက်နှာဖြင့် ရပ်နေလေသည်။ လင်းယုန်ငှက်ငယ်လေး၁ကောင် သူ၏ တောင်ပံများဖြန့်နေသည်ကို ကြည့်နေရသည့်အလား ခံစားနေရသည်။ အောက်တွင်ရှိနေသည်မှာ အောက်ခြေကို မမြင်ရသော တွင်းကြီးဖြစ်ကာ ခပ်ဝေးဝေးတွင်မူ နေမင်းကြီးသည် မြင့်တက်စပြုနေပြီဖြစ်သည်။

မီးတောက်ကြိုးကြာတောင်သည် သူတော်ကောင်းနယ်မြေတွင် တည်ရှိပြီး ဟိုးယခင်က ကောင်းကင်တမျှ မြင့်မားခဲ့သောတောင်ဖြစ်သည်။ ထိုစဥ်က ၎င်းတောင်သည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲရှိ မည်သည့်တောင်ထက်မဆို မြင့်မားခဲ့သည်။ ယေဘုံယျအားဖြင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံးထက်ပင် ပို၍ကြီးမားလေသည်။

ယခုအချိန်တွင်မူ အရာရာသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ တောင်၏ တစ်ဝက်ကျော်ကျော်မှာ ဖျက်ဆီးခံလိုက်ရကာ ဖုန်းဆိုးမြေများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူတော်ကောင်းနယ်မြေ၏တစ်ဝက်ခန့်ကို မြေများ ဖုံးလွှမ်းလာခဲ့သည်။

သာမန်လူသားများနှင့် သားရဲများသည် ထိုကဲ့သို့သော အခြေအနေမျိုးတွင် မရှင်သန်နိုင်ပေ။ ကျင့်ကြံသူများပင်လျှင် ထိုနေရာတွင် ကြာရှည်စွာ နေထိုင်ပါက နောက်ဆုံးတွင် ကြောက်မက်ဖွယ် သေခြင်းတရားများကို တွေ့ ကြုံရမည် ဖြစ်သည်။ မကြာခဏပင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ သေဆုံးသွားသူများထံမှ ပြင်းထန်သော ဓားချီစီးကြောင်းများ လွင့်ပျံထွက်လာသည်။

ထိုအရာအားလုံး၏ အကြောင်းရင်းခံသည် ကောင်းကင်မှ ကျဆင်းနေသော ကြီးမားလှသော ဓါးကြီးကြောင့် ဖြစ်သည်။ ရှေးဟောင်းဓါး၁လက်ဖြစ်ကာ ဓါး၏ မျက်နှာပြင်တွင် မရေမတွက်နိုင်အောင် များပြားလှသော မှော်သင်္ကေတများဖြင့် တန်ဆာဆင်ထားပြီး ပျက်စီးလုနီးပါး အခြေအနေဖြစ်နေသည်။ ဓါးသည် မီးတောက်ကြိုးကြာတောင်၏ ရှေ့တည့်တည့်မှ မြေကြီးထဲသို့ တစ်ဝက်ခန့် စိုက်ဝင်လျက်ရှိသည်။ ဓါးစိုက်ဝင်ရာမြေမှ အက်ကွဲကြောင်းများသည် ဦးတည်ချက်အမျိုးမျိုးသို့ ပျံ့နှံ့နေကာ အကျဥ်းဆုံးအက်ကွဲကြောင်းသည် မီတာအနည်းငယ်ကျယ်ကာ အကြီးဆုံးသည် အလျားလိုက် မီတာ၃၀နှင့်အထက် ကျယ်ပြန့်သည်။ အက်ကွဲကြောင်းများသည် မှောင်မည်းနက်ရှိုင်းကာ ပြင်းထန်သော အေးစက်မှုများကို ခံစားနေရသည်။

ဓါး၏ ဘေးပတ်လည်မှ မြေမျက်နှာပြင်တစ်ခုလုံးကို တစ်လက်လက်ထနေသော ဒိုင်းတစ်ခုဖြင့်ကာကွယ်ထားကာ မည်သူမှ ဝင်ရောက်ခြင်းမပြုနိုင်ရန် စီမံထားလေသည်။

ဓါးသည် အလွန်ကြီးမားလှသောကြောင့် မြင်နေရသော ဓါးသွား တစ်စိတ်တစ်ပိုင်းနှင့်အတူ ဓါးရိုးသည် မီးတောက်ကြိုးကြာတောင်ထက် များစွာမြင့်မားလျက်ရှိသည်။ ဓါးကို လက်တစ်ဝါး အရွယ်ခန့် ထားကြည့်လျှင် တောင်သည် ပုရွက်ဆိတ်ပမာဏခန့်သာ ရှိပေမည်။

ကျင့်ကြံသူများနှင့် တောင်ကို နှိုင်းယှဥ်ကြည့်ပါဆိုလျှင် တောင်သည် လက်တစ်ဝါးခန့်ရှိပြီး တောင်ထိပ်တွင် ရပ်နေသော ကျင့်ကြံသူများသည် ပုရွက်ဆိတ်လေးများသဖွယ် ဖြစ်သွားသည်။

ဂိုဏ်း၂ခုသည် မီးတောက်ကြိုးကြာတောင်ထိပ်တွင် စုရုံးနေကြပြီဖြစ်သည်။ ၁ဖွဲ့တွင် ဂိုဏ်းသားအယောက်၈၀ ပါဝင်ကာ နောက်၁ဖွဲ့တွင် ၁၀၀ခန့်ပါဝင်သည်။ ၂ဖွဲ့လုံးကို အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများက ဦးဆောင်ကာ ယခုချိန်တွင် အလ္လာပသလ္လာပ စကားများကို ပြောဆိုလျက်ရှိကြသည်။ တစ်ဖက်တွင်မူ ဂိုဏ်းသား၂စုသည် တစ်ယောက်နှင့် တစ်ယောက် ရန်လိုစွာ စိုက်ကြည့်နေကြလေသည်။

ဘယ်ဘက်ခြမ်းမှာ ဂိုဏ်းသား၈၀ပါဝင်သော အုပ်စုဖြစ်သည်။ သူတို့အားလုံးသည် အဖြူရောင် ဝတ်ရုံများ ဝတ်ဆင်ထားကြကာ အင်္ကျီလက်မောင်းများတွက် ဆေးလုံးပုံရိပ်ကို ပန်းထိုးထားကြသည်။ ထို့ပြင် တစ်ဖွဲ့လုံးဆီမှ ဆေးနံ့များ ထွက်ပေါ်နေပေသည်။

သူတို့သည် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှတပါး အခြားမဟုတ်ချေ။

သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ဂိုဏ်းသား၁၀၀ ပါဝင်သော အုပ်စုရှိနေသည်။ သူတို့သည် အပြာရင့်ရောင် ဝတ်ရုံများ ဝတ်ဆင်ထားကြကာ ထူးဆန်းသောအတွင်းအားများကို ထုတ်ဖော်နေသည်။ ဂိုဏ်းသားအချို့ကို အနီးကပ်ကြည့်ရှုလျှင် သူ့တို့၏ အချို့သော ခန္ဓါကိုယ်အစိတ်အပိုင်းများသည် ထူးဆန်းစွာဖြင့် လှိုင်းဂယက်များထကာ ဝေဝါးလျက်ရှိသည်။

သူတို့သည်ကား ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ ဖြစ်ကြသည်။

တစ်ဖွဲ့နှင့်တစ်ဖွဲ့ လေ့လာအကဲခတ်နေစဥ်မှာပင် အပေါ်ဘက်မှ တိမ်များသည် အလိပ်အလိပ်များ ထလာကာ များပြားလှစွာသော မှော်သင်္ကေတများ ပေါ်ထွက်လာသည်။ ထိုမှော်သေ င်္ကတများသည် ဒယ်စောက်အိုးတစ်လုံး၏ ပုံသဏ္ဌာန်နှင့် ဓါးပုံသဏ္ဌာန်ကြားတွင် တလှည့်စီဖြစ်ပေါ်နေရာမှ အဆုံးတွင် အသံကုန် အော်ဟစ်နေသော ကြီးမားလှသည့် နဂါးနှင့် ဆင်တူသွားလေသည်။

ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအုပ်စုမှ ခေါင်းဆောင်သည် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ တလက်လက်တောက်နေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်ကာ ရေရွတ်လိုက်သည်။ “စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ရောက်လာပြီပဲ။”

ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကို ဦးဆောင်သော ကျင့်ကြံသူမှာ မျက်နှာတွင် ထူးဆန်းစွာ ဖောင်းကြွနေသော ထိုးထွက်နေသည့်အရာများကြောင့် လွန်စွာရက်စက်မည့်ပုံပေါ်နေသော အဘိုးအို၁ယောက်ဖြစ်သည်။ သူ၏ မျက်လုံးသူငယ်အိမ်များမှာ ကြောင်မျက်လုံးကဲ့သို့ ဒေါင်လိုက်ပုံစံဖြစ်ကာ မျက်တောင်ခတ်လိုက်တိုင်းတွင် သူ့ကို ကြည့်နေသော လူများမှာ အလွန် ထူးဆန်းသော ခံစားချက်များ ပြည့်နှက်လာရသည်။ လက်ရှိတွင် သူသည် အပေါ်ဘက်တွင် ပေါ်လာသော စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မန္တန်အစီအရင်ကို ကြည့်နေလေသည်။

မကြာမီတွင် အလင်းတန်းတစ်ခု ကျဆင်းလာကာ မီးတောက်ကြိုးကြာတောင်၏ အခြားနေရာတစ်ခုသို့ ဆင်းသက်သွားလေသည်။ လူပေါင်း ၁၀၀ကျော်သည် ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာရာ ရှေ့ဆုံးမှာ အူယန်ကျဲဖြစ်သည်။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အမျိုးသမီးနှင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှအဘိုးအိုသည် သူ့ကို မြင်သောအခါ အံ့ဩသွားကြလေသည်။

“တာအိုရောင်းရင်း ခွေးအ ”

အူယန်ကျဲသည် နားကလောဖွယ်ရာ လေသံမျိုးဖြင့် ရယ်မောကာ ပြောလိုက်သည်။ “တာအိုရောင်းရင်းလင်း၊တာအိုရောင်းရင်းဟိုင်….မတွေ့တာကြာပြီနော်”

ဂိုဏ်းသားအားလုံး ရုပ်လုံးပေါ်သွားသော်အခါ သူသည် လက်ကို ဝှေ့ယမ်း၍ မန္တန်အစီအရင်ဖြင့် ဖန်တီးထားသော အကာအကွယ်ဒိုင်းကို ရုတ်သိမ်းလိုက်သည်။ ထို့နောက် ရှေ့သို့ တိုးလိုက်သည်။

အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများ စတင်ဆွေးနွေးနေကြချိန်တွင် ပိုင်ရှောင်ချန်းသည် အနည်းငယ်မူးဝေနေပြီး မျက်လုံးများကို ပွတ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ကြီးမားလှသော ဓါးကို မြင်လိုက်ရသည်တွင် သူသည် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ မော့ကြည့်ရင်းဖြင့် ဓါးရိုး၏အဆုံးသည် အပေါ်ဘက်ရှိ တိမ်လွှာများထဲသို့ ဝင်ရောက်ပျောက်ကွယ်နေသောကြောင့် မမြင်ရသည်ကို သဘောပေါက်သွားသည်။ ထိုမြင်ကွင်းသည် အမှန်တကယ်ပင် အံ့ဩဖွယ်ရာဖြစ်သည်။

အခြားသော စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကလည်း ဓါးကြီးကို အံ့အားသင့်စွာ မော့ကြည့်နေကြရာ ပင့်သက်ရှိုက်သံများ ထွက်ပေါ်နေပေသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် သူ့ဘေးတွင် လူများပိုနည်းနေသည်ကို သတိထားမိသွားသည်။ ထွက်ခွာစဥ်က အယောက်၂၀၀ခန့်ရှိသော်လည်း ယခုချိန်တွင် ၁၀၀ခန့်သာရှိတော့သည်။

ကျိုးရှင်းချီကိုလည်းကောင်း၊ လုထျန်လဲ့ကိုလည်းကောင်း မတွေ့ရပေ။ သို့သော်လည်း ရှန်ကွမ်းထျန်ယုံ၊ ဝိညာဥ်စွယ်၊ ပေဟန်လဲ့၊ ကုန်းစွန်းဝမ်အာနှင့် ဟိုယွင်ဖေးတို့ကို လက်ရှိတွင် ရှေ့မှ အံ့ဩဖွယ်ဓါးကြီးကို လေ့လာနေကြသော လူအုပ်ထဲ၌ တွေ့ရသည်။

မကြာမီပင် သူတို့အားလုံးသည် တင်ပျဥ်ခွေထိုင်လိုက်ကာ ကျောက်စိမ်းပြားများကို ထုတ်လိုက်ကြသည်။ စိတ်စွမ်းအင်အချို့ ထည့်သွင်း၍ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းတို့မှ ဂိုဏ်းသားများကို စတငင်လေ့လာတော့သည်။

ထိုကဲ့သို့ပင် အခြားသော ဂိုဏ်းများမှ ဂိုဏ်းသားများကလည်း အသစ်ရောက်ရှိလာသူများကို လှည့်ကြည့်ကြလေသည်။ အချို့လူများက ပိုင်ရှောင်ချန်းကို ကြည့်ရှုနေကြသည်။ ပိုင်ရှောင်ချန်းကို တွေ့လိုက်ရသောအခါ ဖြစ်ပေါ်သွားသော မျက်နှာအမူအရာများသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတူညီကြပေ။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ လူများသည် သူတို့ ကြားသိထားသော ပိုင်ရှောင်ချန်း၏ အကြောင်းများကို အတော်ပင် မယုံကြည်နိုင်သောကြောင့် သံသယရှိနေပုံ ပေါ်လေသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ လူများကမူ ကဲ့ရဲ့လှောင်ပြောင်လိုသော အကြည့်များဖြင့် ကြည့်နေကြသည်။

ပိုင်ရှောင်ချန်းသည် တွေ့ကြုံနေရသည်များကို အနည်းငယ် အံ့ဩသွားသည်။ ခဏအကြာတွင် ဟိုယွင်ဖေးသည် အနားသို့ တိုးလာကာ ကျောက်စိမ်းပြားကို လက်လှမ်းပေးလိုက်သည်။

” ညီလေး နောက်ကျနေလို့ ” သူက တိုးညှင်းစွာ ပြောလိုက်သည်။ ” မင်းမလာခင်တုန်းက တောင်ထိပ်သခင်တွေနဲ့ အူယန်ကျဲက ငါတို့တွေ့ကြုံရမယ့် အခက်အခဲတွေကို ပိုပြီးအသေးစိတ် ရှင်းပြပေးလိုက်တယ်။ အန္တရာယ်ကင်းအောင် နေနိုင်ဖို့ အကောင်းဆုံးနည်းလမ်းက တခြားဂိုဏ်းက ဂိုဏ်းသားတွေကို တတ်နိုင်သလောက် များများသတ်ဖို့ပဲ။ မြေခဓားမဟူရာချောက်နဲ့ အခြားဂိုဏ်းက ဂိုဏ်းသားတွေ အကြောင်းပါတဲ့ ကျောက်စိမ်းပြားတွေလည်း ပေးလိုက်တယ်။ ဖြစ်နိုင်တာကတော့ တခြားဂိုဏ်းတွေမှာလည်း ငါတို့အချက်အလက်တွေ ရှိမှာပဲ။ ”

ပိုင်ရှောင်ချန်းသည် ကျောက်စိမ်းပြားကို ယူလိုက်ကာ စိတ်စွမ်းအင်များ ထည့်လိုက်သည်။ ပထမဆုံးတွေ့လိုက်ရသည်မှာ မြေခဓားမဟူရာချောက်အကြောင်း အသေးစိတ်မိတ်ဆက်စာဖြစ်သည်။

မြေခဓားမဟူရာချောက်ကို မြေခဓါးကမ္ဘာဟုလည်း ခေါ်ဆိုကာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ကောင်းကင်ယံမှ ကျဆင်းလာခြင်းဖြစ်သည်။ ဓါး၏ တစ်ဝက်ကျော်ကျော်သည် ကမ္ဘာမြေထဲတွင် နက်ရှိုင်းစွာ နစ်မြုပ်လျက်ရှိသည်။ ဓါး၏ အတွင်းထဲတွင် တိမ်းစောင်းနေသော ကမ္ဘာတစ်ခု ရှိနေသည်။ ဓားကိုယ်ထည်တွင်မြေစီးကြောင်းစွမ်းအား အများအပြားကို ပိုင်ဆိုင်ထားကာ ထိုကမ္ဘာထဲတွင် မြေစီးကြောင်းသားရဲများဖြင့် ပြည့်နှက်လျက်ရှိသည်။

မြေခဓားမဟူရာချောက်သို့ အဝင်ပေါက်များမှာ ဓါးကြီးကျဆင်းလာစဥ်က ဓါး၏ကိုယ်ထည်မှာ ဖြစ်ပေါ်လာသော အပေါက်များပင်။

ဓါးကမ္ဘာထဲတွင် မြေစီးကြောင်းစွမ်းအင်ကြောင့်ဖြစ်ပေါ်လာသော မြေစီးကြောင်းအဆိပ်သားရဲများသာမက အဆိပ်ဝိညာဥ်များလည်း ရှိပေသည်။ ထိုဝိညာဥ်များသည် ဓါးကြီးကြောင့် သေဆုံးသွားကြသူများ၏ ဝိညာဥ်ဖြစ်ကာ မြေစီးကြောင်းစွမ်းအင် ရှိနေသောကြောင့် ရုပ်လုံးပေါ်သွားရသည်ဟု လူအတော်များများက ယုံကြည်ကြသည်။ မသေဆုံးခင်ကကဲ့သို့ တူညီသော အတိုက်အခိုက်စွမ်းရည်များမရှိသော်လည်း အန္တရယ်ရှိဆဲပင် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့သည် အသိဥာဏ်မရှိသောကြောင့် စတင်တိုက်ခိုက်ခြင်းမပြုကြပေ။

ထိုအကြောင်းကို ဖတ်ရသောအခါ ပိုင်ရှောင်ချန်းသည် သက်ပြင်းရှိုက်၍ အဆိပ်ဝိညာဥ်များကို အထူးအာရုံစိုက်ရန် စိတ်ဆုံးဖြတ်လိုက်သည်။ သူသိရသလောက်ဆိုလျှင် သူတို့သည် နတ်ဆိုးဝိညာဥ်များကဲ့သို့ အရာများပင်ဖြစ်လိမ့်မည်။

ကျောက်စိမ်းပြားတွင် မြေစီးကြောင်းစွမ်းအင်အကြောင်းကိုလည်း အသေးစိတ်ဖော်ပြထားသည်။ အဓိကအားဖြင့် မြေစီးကြောင်းစွမ်းအင်သည် အမျိုးအစား ၂မျိုးရှိသည်။ တစ်မျိုးမှာ အဆိပ်သားရဲများတွင် ရှိသည်။ အဆိပ်သားရဲတစ်ကောင် အသတ်ခံရလျှင် ဖျော့တော့သော မြေစီးကြောင်းစွမ်းအင်များထွက်ပေါ်လာပြီး တာအိုပုလင်းထဲသို့ ထည့်သွင်းစုဆောင်းကာ မြေစီးကြောင်းဆွဲငင် သလင်းကျောက်တုံးအဖြစ် ပြောင်းလဲရသည်။ ထိုသလင်းကျောက်သည် ဒုတိယအမျိုးအစား မြေစီးကြောင်းစွမ်းအင်ကို ဆင့်ခေါ်ရန် သော့ချက်ဖြစ်သည်။ အမှန်စင်စစ်တွင် မြေစီးကြောင်းစွမ်းအင်၏ ၉၉%သည် ဓါးကမ္ဘာနှင့် ရောယှက်နေကာ တိုက်ရိုက်စုဆောင်း၍ မရပေ။ ဆင့်ခေါ်ရမည်ဖြစ်သည်။

ကမ္ဘာထဲတွင် ရှိနေသော မြေစီးကြောင်းစွမ်းအင် ပမာဏမှာ အကန့်အသတ်ရှိသည်။ အခြေခိုင်မာခြင်းအဆင့်ကို ရောက်ရှိရန် လူတစ်ယောက်၏ ဒီရေစီးကြောင်းများ မည်မျှခံနိုင်လဲအပေါ်တွင် မူတည်သည်။ အခြေခိုင်မာခြင်းအဆင့်သို့ စောစီးစွာရောက်ရှိလေ၊ ကောင်းလေဖြစ်သည်။ အခြေခိုင်မာခြင်းအဆင့်သို့ ရောက်ရှိသွားသူတိုင်းကြောင့် မြေခဓါးကမ္ဘာထဲမှ မြေစီးကြောင်းစွမ်းအင် စုစုပေါင်းပမာဏမှာ လျော့ကျသွားသည်။ ယေဘုံယျအားဖြင့် ဒီရေစီးကြောင်း၈ခုအထိ ဆင့်ခေါ် နိုင်သော ထူးချွန်ဂိုဏ်းသားများမရှိလျှင် လူ၃၀စာ အခြေခိုင်မာခြင်းအဆင့်ရောက်ရှိရန် လုံလောက်သော မြေစီးကြောင်းစွမ်းအင်များ ရှိသည်။

အခြေခိုင်မာခြင်းအဆင့်သို့ စောစီးစွာ ရောက်ရှိသူများတွင် နောက်မှ ရောက်သူများနှင့်စာလျှင် ကြီးမားသော အကျိုးကျေးဇူး တစ်ခုရှိသည်။ တစ်စုံတစ်ယောက်သည် အလွန်နှေးနေမည်ဆိုလျှင် ဒီရေစီးကြောင်းတစ်ခု ဖြစ်ပေါ်လာရန် လုံလောက်သော မြေစီးကြောင်းစွမ်းအင်ကို စုပ်ယူရန် ခက်ခဲပေမည်။ ထိုသို့ဆိုလျှင် အခြေခိုင်မာခြင်းအဆင့်ကို ရောက်ရှိရန် မဖြစ်နိုင်တော့ချေ။

Comment

Leave a Reply

Options

not work with dark mode
Reset