စာစဉ် (၁၃) အပိုင်း (၁၇၄)

ရွှေရောင်ရေကန်

“ငါ့နာမည်က အမှန်တကယ်ကို သူတော်စင်ကျောက်ပြား ပေါ်မှာပေါ်ခဲ့ပြီပေါ့”

ဇူယွမ်က သူတော်စင် ကျောက်ပြားကို စိုက်ကြည့်ခဲ့ပြီး အားပါးတရ ပြုံးလိုက်သည်။ ထိုသို့ သူ့နာမည် ထွက်ပေါ်လာခြင်းက အလွန်ပင် အံ့အားသင့် စေသည်။

တိုက်ပေါ်တွင် သူ့အနေဖြင့် ကျူးယင်အား အပေါ်စီးမှသာ တိုက်ခိုက်ခဲ့ရပြီး ဝူဟောင် ယဲ့မင် နှင့် သူတို့နောက်လိုက် များ၏ နှောင့်ယှက်မူကြောင့် လုံးလုံး အနိုင် မယူနိုင်ခဲ့ရပေ။

သို့သော်လည်း သူတော်စင် ကျောက်ပြားက ထိုတိုက်ပွဲကို အသိအမှတ်ပြု လက်ခံဟန်ရသည်။

“ငါတို့ နှစ်ယောက်ကြားက ကျင့်ကြံခြင်းအဆင့် အရမ်းကွာခြားလို့ ဖြစ်မယ်”

အပြင်ပန်းတွင် ဇူယွမ်အနေဖြင့် အစောပိုင်း ကောင်းကင်ဘုံ တံခါးအဆင့် ဖြစ်ပြီး ကျူးယင်မှာ တစ်ဝက်တစ်ပျက် မူလစဦး အဆင့်ဖြစ်ကာ အံ့အားသင့်ဖွယ်ရာ ကွာခြားမှု ဖြစ်သည်။

လုလျိုက ထိုအချင်းအရာကို ကြည့်ပြီးပြောလိုက်သည်။ “ဒီအဓိပ္ပာယ်က ငါကနင့်ကို မယှဉ်နိုင်ဖူးလို့ ပြောချင်တာပေါ့”

သူမသည် ကျူးယင်ကို ရှုံးခဲ့သည်။ ကျူးယင်က ဇူယွမ်ကို ရှုံးသည်။ ထိုအဓိပ္ပာယ်က သူမက ဇူယွမ်၏ အောက်တစ်ဆင့်တွင် ရှိသည် မဟုတ်လား။

ဇူယွမ်က ရယ်မောလိုက်ပြီး “စိတ်လျှော့။ ငါတို့နောက်တစ်ကြိမ် ကျူးယင်နှင့် ပြန်တွေ့ရင် သူမကို မူလသားရဲ ပိတ်ဆို့ခြင်း နည်းလမ်းနဲ့ ပြန်အနိုင်ယူလိုက်”

သူ၏ စကားလုံးများမှာ နှစ်သိမ့်ခြင်း မဟုတ်ပေ။ လုလျိုနှင့် ရေခဲလုံးလေး တို့သာ ချိတ်ဆက် တိုက်ခိုက်ပါက သူမ၏ သန်မာမှုက အံ့အားသင့်ဖွယ့် အဆင့်တစ်ခုထိ ထိုးတက်သွားပြီး မူလစဦးအဆင့် ကျင့်ကြံသူတစ်ဦး ကိုပင် သတ်ဖြတ် နိုင်ပေလိမ့်ပေမည်။

လုလျိုက သူမ၏ အောက်နှုတ်ခမ်းကို အသာအယာ ကိုက်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။ “ငါတို့နောက်တစ်ခေါက် ပြန်တွေ့ရင် သူမကို အလွတ် မပေးတော့ဘူး”

သူမ၏ မျက်လုံးရွဲကြီး များက ရုတ်တရက် ဝေ့ကြည့်ကြည့် လိုက်ပြီး အားရပါးရ ပြုံးလိုက်ကာ ဇူယွမ်၏ ပခုံးပေါ်ရှိ ထန်ထန်အား ကြည့်၍ ပြုံးလိုက်သည်။ “ဟီးဟီး လိမ္မာတဲ့ ကောင်လေးထန်ထန်။ နင်က ဒီမှာ ခေါင်းဆောင်မလား”

ထန်ထန်က ကျေနပ်အားရဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

လုလျို၏ မျက်လုံးများက တောက်ပသွားပြီး “ဒီလိုဆိုရင် နင်က ရွှေရောင်ရေကန်ကို ပိုင်ဆိုင်တာပေါ့နော်”

ထန်ထန်မှာ တစ်စုံတစ်ခုကို နားလည် သဘောပေါက် သွားဟန်ဖြင့် သူ့မျက်လုံးများက သတိအပြည့်နှင့် လုလျိုကို စိုက်ကြည့်လိုက်သည်။

ဇူယွမ်၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားသည်။ ထန်ထန် အနေဖြင့် ယခင်ကထက် ပိုမို သန်မာလာသည်ကို မြင်ရသည်မှာ ဒီရွှေရောင်ရေကန် ကြောင့်လား။

“လိမ္မာတဲ့ ထန်ထန်လေး၊ ငါတို့ကို ဒီရွှေရောင် ရေကန်ကို ခဏလောက် ငှားပါလား” လုလျိုက မျက်တောင်များကို ချစ်စဖွယ်ကောင်းအောင် ပုတ်ခတ်ပုတ်ခတ် လုပ်၍ ပြောသည်။

ထန်ထန်က ခေါင်းပြန် ခါပြလိုက်သည်။

“သဘောထား သေးလိုက်တာ” လုလျိုက မျက်စောင်းထိုးလိုက်သည်။

တခြား တစ်ဖက်တွင်လည်း ဇူယွမ်က သူ၏မေးစေ့ကို ပွတ်သပ်နေသည်။ သူလည်း ရွှေရောင်ရေကန်အား ကြည့်ရှုချင်ပေသည်။ သူတို့ ဒီနေရာသို့ ရောက်လာဖို့ရန် မလွယ်ကူပေ သူ့အနေဖြင့် ရွှေရောင်ရေကန်၏ ကောင်းချီးအား ဝေမျှပေးရန် မျှော်လင့်သည်။ သို့သော်လည်း ဒီနေရာတွင် ထန်ထန်က သူဌေး ဖြစ်နေသောကြောင့် သူ့အား သိမ်းသွင်း စည်းရုံးရန် လိုအပ်ပေသည်။

ဇူယွမ်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး သူ၏ စိတ်ရင်းအမှန်ကို ပြသတော့မည့် ဟန်ဖြင့် ပြောလိုက်သည်။ “ထန်ထန် ဒီမျိုးမစစ်ကောင်တွေ ယောင်ယောင်ကို အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တာက မင်းကို ဒေါသထွက်စေတယ် မလား”

“ဝေါင်း“

ထန်ထန်၏ ခန္ဓာကိုယ်မှ အမွေးများမှာ ထောင်မတ် လာခဲ့ကာ သူ၏ သေးငယ်စူးရှသော မျက်စိတွင် ရန်လိုမှုများဖြင့် တောက်ပလာပြီး ကျယ်လောင်စွာ မာန်ဖီလိုက်သည်။

“ငါတို့လည်း ဒေါသ တအားထွက်တယ်” ဇူယွမ်က ခေါင်းညိတ်ခဲ့ပြီး “ဒါပေမဲ့ မင်းလဲမြင်တယ်မလား။ သူတို့က တကယ်ကို သန်မာလွန်းတယ်။ ငါတို့ လက်စားချေချင်တယ် ဆိုရင် ငါတို့က တစ်ဖွဲ့တည်းသား စိတ်ဓာတ်နဲ့ ငါတို့ရဲ့ သန်မာမှုတွေကို အတူတူ တိုးလာအောင် လုပ်ရမယ်”

“အခု ရွှေရေကန်ကိုပဲကြည့် ငါတို့သာ အဲ့ရေကန်ထဲဝင်ရောက်ခွင့်ရခဲ့ရင် ငါတို့အတွက် အတော်ကို အကျိုးရှိမှာပဲ။ ငါတို့ရဲ့ သန်မာမှုတွေသာ တိုးတက်လာခဲ့ရင် ဟိုကောင်တွေနဲ့ ရင်ဆိုင်ပြီး ယောင်ယောင်အတွက် တရားမျှတမှု ပြန်ယူတဲ့အချိန်မှာ အထောက်အကူ ဖြစ်လိမ့်မယ်။ မင်းလည်း အဲလိုပဲ တွေးတယ်မလား”

ထန်ထန်အနေဖြင့် ထိုစကားများ ကြားသောအခါ တုံ့ဆိုင်းသွားသည်။ ဇူယွမ်၏ အကြောင်းပြချက်က အကျိုးသင့် အကြောင်းသင့်ပေသည်။ အစောပိုင်း ဝူဟောင်နှင့် ရင်ဆိုင် တိုက်ခက်မှုက သူ့အား အကျိုးသက်ရောက်မှု ရှိပုံရသည်။

ခဏအကြာ တွေးတောပြီးနောက် အသက်ရှူချိန် ခဏအကြာတွင် ထန်ထန်က ခေါင်းညိတ်ပြီး လက်ခံဟန် ပြလိုက်သည်။

“ဟီးဟီး ဇူယွမ်က အကောင်းဆုံးပဲ” ထိုမြင်ကွင်းကို မြင်ပြီးနောက် လုလျိုက ချက်ချင်းပင် ချီးကျူးခဲ့သည်။

ဘေးနားရှိ ကျန်းရွှီးမှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် သူကပြောလိုက်သည်။ “ဝူဟောင်တို့ လူစုလည်း ဆုတ်ခွာသွားပြီ ဆိုတော့ ငါလည်းပဲ ထွက်သွားတော့မယ်”

သူက အလွန်အမင်းကို အထီးကျန်နေပုံ ပေါ်ပြီး အလွန်အမင်းကို သနားစရာ ကောင်းလှပေသည်။ ဇူယွမ်၏ ကယ်တင်မှုကို တစ်ကြိမ် ခံရပြီးနောက် ကျေးဇူး အကြွေးကျန် ရှိနေသေးသည် ဟူသောစိတ်က သူ့အား အမှန်ပင် လေးလံသော ဖိအားတစ်ခု ဖြစ်စေသည်။

ထိုစကားကို ကြားသောအချိန်တွင် ဇူယွမ်က ယောင်ယောင်လေး ပြုံးလိုက်ပြီး “နင်ငါတို့အပေါ် အကြွေးတင်နေတာပဲ တစ်ခေါက်ကနေ နှစ်ခေါက် ဖြစ်သွားတာက ကိစ္စမရှိပါဘူး”

“ကျန်းချွမ်က ဝူဟောင်တို့ ဝဲ့မင်တို့ အုပ်စုနဲ့ ပူးပေါင်းထားပြီး သူက ကောင်းချီးပေး နယ်မြေတွေကို ရှာဖွေရင်းနဲ့ သူ့ စွမ်းအားက အဆက်မပြတ် တိုးတက်လာမှာပဲ။ မင်းမှာ ဘာအစီအစဉ်မှ မရှိဘူးဆိုရင် မင်းနောက် ကျကျန်ခဲ့လိမ့်မယ်။ မင်းတစ်ယောက်တည်း ထွက်မသွားဖို့ ငါမင်းကို အကြံပေးချင်တယ်”

ဇူယွမ် အနေဖြင့်လည်း ၀ူဟောင်တို့အား ယှဉ်ပြိုင်ရန် သူ့ အနေဖြင့် အင်အား လိုအပ်ပေသည်။ ထို့ကြောင့် ကျိန်းရွီးအား ထွက်မသွား စေလိုပေ။ ကျိန်းရွီး အနေဖြင့်လည်း အရူးတစ်ယောက် မဟုတ်သောကြောင့် သူ့၏ ရှေတွင် ရှိနေသည့် ရွှေအခွင့်အရေးအား လက်လွတ် မခံတော့ပဲ ခေါင်းညိတ်ကာ လက်ခံလိုကသည်။

ဇူယွမ်က ထန်ထန်အား လက်မြှောက်ပြလိုက်ပြီး “ငါတို့ကို ဦးဆောင်ပြီး လမ်းပြပေးပါဦး”

ထို့နောက် သူတို့က ထန်ထန်၏ ဦးဆောင်မှုဖြင့် ရွှေရေကန် ဆီသို့ သွားကြသည်။

သူတို့ကို စိုက်ကြည့် နေကြသော်လည်းပဲ သူတို့၏ မခံနိုင်မှုများကို ထန်ထန်အားဖော်ပြရန် မဝံ့ရဲကြပေ။ အဆုံးမှာတော့ ဇူယွမ်တို့ လူစုသည် တောင်ထိပ်ပေါ်သို့ ချောမွေ့စွာ ရောက်ရှိသွားခဲ့သည်။

ကြီးမားလှသော တောင်ထိပ်ကြီးမှာ မီးတောင်နှုတ်ခမ်းဝ ကဲ့သို့ ဖြစ်နေသော်လည်း ထိုထဲတွင် ရွှေရောင်အရည်များဖြင့် ပြည့်နေကာ ရွှေရေကန်ကြီး ဖြစ်နေသည်။ ရွှေရောင်အလင်းများ ဖျိုးဖျိုးဖျပ်ဖျပ် တောက်ပနေပြီး ထူးဆန်းသော သင်းရနံ့များဖြင့် မွေးပျံ့နေသည်။

ဇူယွမ်၊ လုလျို နှင့်ကျန်းရွှီးတို့ သုံးယောက်လုံးသည် ရွှေရေကန်အား လိုအင်ဆန္ဒများဖြင့် စိုက်ကြည့်နေကြသည်။ သူတို့ ခန္ဓာကိုယ်မှ မူလချီများက အသက်ဝင်စွာ ကြီးထွားလာသည်ဟု ခံစားလိုက်ရသည်။

“ဒါက ရွှေရေကန်လား” သူတို့ သုံးယောက်လုံး နှလုံးခုန်သံများ မြန်ဆန်လာပြီး သွားရည်ကျလျက် ရွှေရေကန်အား စိုက်ကြည့်နေကြသည်။

“ဗွမ်း “

ထန်ထန်က ပထမဦးဆုံး ရေကန်ထဲသို့ ခုန်ချလိုက်သည်။ ရေမျက်နှာပြင် ပေါ်တွင် ကိုယ်ကို ဖော့၍ ပျင်းရိစွာနေပြီး သူ၏ မျက်လုံးများက အသာအယာ ပိတ်လျက်နေပြီး ကမ္ဘာပေါ်ရှိ အကောင်းဆုံး အရသာကို ခံစားနေဟန် ရှိသည်။

ဇူယွမ်တို့ လူစုက ရေကန်နဘေးတွင် ရပ်ကာ ရွှေရေကန် အတွင်းမှ ရွှေရောင် အလင်းတန်းများ ထန်ထန်၏ ခန္ဓာကိုယ် အတွင်းသို့ စီးဝင်သွားသည်ကို ကြည့်နေကြသည်။

“ကောင်းချီးကတော့ ငါတို့ရဲ့ရှေ့ကို ရောက်လာခဲ့ပြီး ငါတို့ ဘယ်လောက် တိုးတက်လာမလဲ ဆိုတာကတော့ ငါတို့အပေါ်မှာပဲ မူတည်တော့တယ်” ဇူယွမ် ပြုံးလျက် လုလျိုနှင့် ကျန်းရွီးတို့ကို ကြည့်လိုက်သည်။

ရေခဲလုံးလေးအား သူ့လက်ထဲတွင် ထားလျက် လုလျို၏ မျက်လုံးများမှာ တောက်ပလာပြီး တုံဆိုင်းခြင်း မရှိပဲ ရေကန်အတွင်းသို့ ခုန်ဆင်းသွားပြီး ရေကန်အတွင်း၌ ရေခဲလုံးလေးနှင့် ပျော်ရွှင်စွာ အော်ဟစ်နေကြသည်။

ထိုအခိုက်တွင် ကျိန်းရွီး၏ နှလုံးသားမှာ တက်ကြွလာဟန် ရပြီး ဝတ်ရုံကို ချွတ်ကာ လိုက်ဆင်းလာလေသည်။

ဇူယွမ်၏ စိတ်တွင် ရွှေရောင် အလင်းတန်းများက သူခန္ဓာကိုယ် အတွင်းသို့ တိုးဝင်လာသည်ကို ခံစားမိပေသည်။

ရွှေရောင် အလင်းများက သူ့၏ ခန္ဓာကိုယ်ကို သန့်စင်ပေးဟန် ရပြီး သူ၏ အရေပြားထဲ သွေးကြောထဲတွင် တီကောင်များ လိုမျိုး အလောတကြီး တိုးဝင်နေသည်။

ရွှေရောင်အလင်း များက သူ၏ သွေးအတွင်း ပေါင်းစပ်သွားပြီး ကြီးမားသော အားလှိုင်းများက သူသွေးကြော အတွင်းတွင် စီးဆင်းလာသည်။

သူ၏ ကြွက်သားများ အတွင်းတွင်လည်း ပေါင်းစပ်သွားပြီး ပိုမို သန်မာလာကာ ပေါက်ကွဲနိုင်သော စွမ်းအားများဖြင့် ပြည့်နေသည်။

သူ၏ အရိုးတွင်လည်း ပေါင်းစပ်သွားပြီး ပို၍မာကျော ကြံ့ခိုင်လာသည်။

ရွှေရောင် အလင်းတန်းများက သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး နောက်ဆုံးတွင်တော့ သူ၏ ချီသိုလှောင်ခန်း အတွင်းသို့ ဝင်ရောက်လာသည်။ သူ၏ အနက်ရောင် ချီသိုလှောင်ခန်း များက အလင်းတန်းများကို လောဘတကြီး ဆုပ်ယူနေပြီး သူ၏ စွမ်းအားများ တဖြည်းဖြည်း မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။

သူ၏ သန်မာမှုမှာ မြင့်တက်လာခဲ့ပြီး သူက ထိုအခြေပေါ်တွင် ယစ်မူး သာယာလာဟန် ရသည်။ သူ၏ မျက်လုံးများက ပိတ်လျက် နောက်ထပ် နိုးထ မလာချင်အောင်ပင် ဖြစ်နေသည်။

သို့သော်လည်း နောက်ဆုံးတွင် ဇူယွမ်၏ ထိုအခြေအနေက ဖျက်ဆီးခြင်း ခံလိုက်ရသည်။ သူက မပျော်ရွှင်စွာ မျက်လုံး ဖွင့်ကြည့်လိုက်လျှင် ထန်ထန်က သူ့မျက်နှာကို လျှာဖြင့် လျက်နေသည်ကို သိလိုက်ရသည်။

“ဘယ်လိုတောင် သောက်ကျိုး နည်းတာလဲ” ဇူယွမ်က စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။

ထန်ထန်က ဇူယွမ်၏ အဝတ်အစားများကို ကိုက်ဆွဲကာ ရေကန်၏ အောက်ခြေသို့ ငုပ်သွားဖို့ ပြင်သည်။

ဇူယွမ်က ပြန်ဆွဲထားလိုက်သည်။ ထန်ထန်က သူ့ကို အနောက်က လိုက်စေချင်တာလား။ ရေကန်၏ အောက်ခြေမှာ တစ်ခုခု ရှိလို့လား။

ဇူယွမ်က ခေတ္တမျှ တိတ်ဆိတ်နေပြီး လုလျိုနှင့် ကျန်းရွှီးတို့ကို လှမ်းကြည့်လိုက်သည်။ နှစ်ယောက်လုံးမှာ ရေမျက်နှာပြင် ပေါ်တွင် အိပ်ပျော်နေပြီး သူတို့၏ ခန္ဓာကိုယ် အတွင်းပိုင်း ပြောင်းလဲမှုများတွင် ဈာန်ဝင်စားနေဟန် ရသည်။

“ငါလိုက်ပြီး ကြည့်ကြည့်မယ် …”

ဇူယွမ်က ခေတ္တမျှ တွေးတောခဲ့ပြီးနောက် ရေကန်၏ အတွင်းပိုင်းသို့ ငုပ်လျှိုးလိုက်သည်။ ဘယ်လို အရာမျိုးက ထန်ထန်၏ စိတ်ဝင်စားမှုကို ရယူနိုင်မှန်း သူအနေဖြင့် အမှန်တကယ် သိချင်မိသည်။

Comment

Leave a Reply

Options

not work with dark mode
Reset