စာစဉ် (၁၂) အပိုင်း (၁၅၈)

ပူးပေါင်းဆောင်ရွက်ခြင်း

သူတော်စင် အကြွင်းအကျန် ဒေသရှိ နေရာတစ်ခု။

ဝူဟောင်က တောင်ထိပ်တစ်ခု ပေါ်တွင် ထိုင်လျက် ကောင်းကင်အထက်ရှိ သူတော်စင် ကျောက်ပြားကို မော့ကြည့်နေသည်။ သူ၏မျက်နှာ အမူအရာက တည်ငြိမ်ခြင်း မရှိပဲ ကျောက်ပြားပေါ်ရှိ စာလုံး ၈လုံးကို စိုက်ကြည့်နေသည်။ ခဏအကြာတွင် သူ့ဘာသူ တီးတိုးရေရွတ် လိုက်သည်။

“ဇူရှောင်ယို …”

“ငါအရင်ကဘာလို့ သူ့အကြောင်းကို မကြားဖူး ရတာလဲ ပြီးတော့ သူနဲ့ ဇူယွမ်နဲ့က ဘယ်လို ဆက်ဆံရေးမျိုးလဲ။ ဝူဟောင်က မျက်မှောင်ကြုတ် လိုက်သည်။ ဘာအတွက်ကြောင့်များ သူနှင့် ဇူရှောင်ယိုတို့၏ တိုက်ပွဲအကြောင်းကို ဖော်ပြတဲ့အပြင် သူရွေးချယ်စရာ မရှိပဲ ဆုတ်ခွာ လာရသည်ကို သူတော်စင် အကြွင်းအကျန် ကျောက်ပြားက ဖော်ပြရသနည်း။ ထိုသို့ ဖော်ပြထားခြင်းက သူ၏ အနေအထားကို ဆိုးရွားစွာ ထိခိုက်စေသည်။

တိုက်ပွဲက တကယ်ကို ပြင်းထန်ခဲ့ပြီး နှစ်အနည်းငယ် အတွင်းမှာ ဒီတိုက်ပွဲက ဝူဟောင်အတွက် အခက်ခဲဆုံး တိုက်ပွဲတစ်ခု ဖြစ်ပေသည်။

သူ့၏ ပြိုင်ဘက်က မူလ ချီစွမ်းအား များကို အမှန်ပင် အသုံးပြုနိုင်ခြင်း မရှိပေမယ့် သူ့စိတ်ဝိညာဉ်က အလွန်သန်မာ ပေသည်။ တိုက်ပွဲအတွင်းမှာ သူက များပြားလှသော မှော်စာလုံး အစီအရင် များကို ရေလိုမျိုး သုံးစွဲပြီး လွန်စွာ ဒုက္ခ ပေးပေသည်။

ဝူဟန်အနေဖြင့် တိုက်ခိုက်ရေးနည်း အမျိုးမျိုးသုံး၍ ထိုသူနှင့် နီးကပ်ဖို့ ထပ်တလဲလဲ တိုက်ခိုက်သော်လည်း မရေမတွက် နိုင်သော တိုက်ခိုက်မှုတွေ အပြီးမှာတောင် သူ့အနေဖြင့် ရှောင်ထျန်းရွမ်၏ အနီး ၁၀ ပေ အကွာသို့ပင် မကပ်နိုင်ခဲ့ပေ။

ထိုစဉ် ဝူဟောင်မှာ သူ့အနေဖြင့် သည် မူလ မှော်စာလိပ် တွေ၏ တိုက်ခိုက်မှုကို မယှဉ်နိုင်မှန်း သိလာခဲ့ပေသည်။

ထို့အတောအတွင်း ဝူဟောင်သည် ယောင်ယောင်ထံမှ အန္တရာယ် အငွေ့အသက် များကို ခံစားမိခဲ့သည်။ ထိုခံစားချက်က သေခြင်းရှင်ခြင်း တိုက်ပွဲတွင် သူ့အား ဆုတ်ခွာပြေး စေခဲ့သည်။

“သူ့ရဲ့ စိတ်ဝိညာဉ်က တကယ်ကို စွမ်းအားကြီးတာပဲ ပြီးတော့ သူ့နောက်မှာ တစ်စုံတစ်ခု ရှိနေမှာ သေချာတယ်” ဝူဟောင်က တီးတိုး ရေရွတ်လိုက်ပြီး သူ၏ အမူအရာမှာ ပထမဆုံး အကြိမ်လေးနက် သွားသည်။ သူက ယခုအချိန်မှာ ယောင်ယောင်က သူ့အတွက် အကြီးဆုံး အတားအဆီးကြီး တစ်ခု ဖြစ်သည်ဟု ခံစားမိလိုက်သည်.

“ငါသူ့ကို ရှင်းဖို့နည်းလမ်း မရှာနိုင်ခဲ့ရင် သူမက ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်လာလိမ့်မယ် …”

ဝူဟောင်က သူ့ဘာသာ ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားပြီး အေးစက်စက် ပြောလိုက်သည်။

“မင်း ဒီနေရာမှာ ရောက်နေရင်လည်း ဘာလို့ မင်းကိုမင်း မဖော်ပြတာလဲ။ ခိုးကြောင်ခိုးဝှက်နဲ့ ကြွက်တစ်ကောင်လို ပုန်းမနေနဲ့”

ပတ်ဝန်းကျင်က လုံးဝတိတ်ဆိတ် နေသည်။

အေးစက်စက် အလင်းတန်း တစ်ခုက ဝူဟောင်၏ မျက်လုံးထဲတွင် လင်းလက်သွားသည်။ သူ၏ လက်ငါးချောင်းက ရုတ်တရက် လက်သီးဆုပ်လိုက်ပြီး နေရာတစ်ခုသို့ ပြင်းထန်စွာ ထွက်ခွာသွားသည်။

“ဘုန်း …”

ကြက်သွေးနီရောင် ချီများက အရှေ့သို့ ပျံသန်းသွားကာ သူ့ခြေထောက် အောက်ရှိ မြေကြီးပင် အရည်ပျော် ကျန်ခဲ့သည်။

မူလချီများက အစက်အပြောက် တစ်ခုအဖြစ် အရှေ့သို့ ရောက်ရှိသွားသည်။ သို့သော်လည်း ချီများက သွားရောက် ရိုက်ခတ်သော အချိန်တွင် သွေးဆုတ်ဖြူရော် နေသည့် လက်တစ်ဖက်က ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ထိုလက်တစ်ဖက်က ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ကြက်သွေးနီရောင် ချီများကို တားဆီးလိုက်သည်။

အနက်ရောင် မူလချီများက ဖြူရော်နေသည့် လက်ထံမှ ထွက်ပေါ်လာပြီး ကြက်သွေးနီရောင် ချီများအား ရင်ဆိုင်သည်။ အဆုံးမှာတော့ ရှဲခနမြည်သံနှင့် အတူ ချီစွမ်းအင်နှစ်ခုလုံး ပျောက်ကွယ် သွားတော့သည်။

“အဝေးက လာတဲ့ ဧည့်သည် တစ်ယောက်ကို ဘာလို့ ရန်လိုနေရတာလဲ” လည်ချောင်းအတွင်းမှ အက်ကွဲစွာ ထွက်ပေါ်လာဟန် ရသော အသံတစ်သံက ထွက်လာခဲ့သည်။ အနက်ရောင် ဝတ်စုံနှင့် ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

ထိုအနက်ရောင်နှင့် လူငယ်၏ သူငယ်အိမ်များက ကတ္တရာစေး ကဲ့သို့ နက်မှောင်နေပြီး မြင်ရသူတိုင်းကို ကြောက်ရွံ့ တုန်လှုပ်စေသည်။

“မင်းက ဘယ်သူလဲ” ကန်မင်တိုက်ကြီးမှာ မင်းလို လူမျိုး မတွေ့ဖူးပါဘူး” ဝူဟောင်က သူ၏ ရှေ့တွင်ရှိသော အနက်ရောင် လူငယ်ကို စိုက်ကြည့်လိုက်သည်။ သူ၏ ပိန်ပါးသော ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါ များက လူကို မသက်မသာ ခံစားစေသည်။ ဒီလူငယ်က လုံးဝ မရိုးရှင်းပေ။

အနက်ရောင် ဝတ်စုံနှင့် လူငယ်က ပြုံးဖြီးဖြီး လုပ်လိုက်ပြီး

“တုံးရွမ်တိုက်ကြီးရဲ့ ယဲ့ကလန်က ယဲ့မင်” ဝူဟောင်က စိုက်ကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။

“တုံးရွမ်တိုက်ကြီးက လား။ သူတော်စင် အကြွင်းအကျန် နယ်မြေက ငါတို့ရဲ့ ကန်မင်တိုက်ကြီး ဒေသမှာ တည်ရှိပြီးတယ် မင်းတို့ တုံးယွမ်တိုက်ကြီးက လူတွေက ဒီထဲမှာ ပုန်းအောင်း နေကြတာလား။ မင်းတို့ကို ကြည့်ရတာကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတဲ့ပုံ မဟုတ်ဘူး။ မင်းတို့က ကြီးမြတ်တဲ့ ကောင်းချီးတွေကို ခိုးယူဖို့ ကြိုးစားနေတာ မလား”

အနက်ရောင် ဝတ်စုံနှင့် လူငယ်က ခေါင်းယမ်းလိုက်ပြီး “ကြီးမြတ်တဲ့ ကောင်းချီးတွေက ကောင်းကင်က ပေးတာပဲ သာမန်လူတွေ ရယူနိုင်တဲ့ အရာတွေ မဟုတ်ဘူး။ ထိုအရာတွေက သန်မာတဲ့ လူတွေအတွက်သာ ထိုက်တန်တယ်”

“ငါသာ ဒီကောင်းချီး ပေးခြင်းကို ရယူနိုင်ခဲ့လျှင် အဲအဓိပ္ပာယ်က ငါက ဒီကန်မင်တိုက်ကြီးက ပါရမီရှင် တွေထက် ပိုအရည်အချင်း ရှိတယ်လို့ ဆိုလိုတာပဲ”

ဝူဟောင်က အေးစက်စက် ပြောလိုက်သည်။ “ဒါဆို မင်းရဲ့ အရည်အချင်း ဘယ်လောက်ရှိလဲ ငါစမ်းသပ် ပါရစေ”

ကြက်သွေးနီရောင် ချီများက သူ၏ ခန္ဓာကိုယ် အတွင်း မြင့်တက်လာကာ သူ၏ နောက်ကျောဘက်တွင် ကြီးမားလှသော ကြက်သွေးနီရောင် နေလုံးကြီး ဖြစ်ပေါ်လာက အနီးနားရှိ ကျောက်တုံးများပင် စတင်ပြီး အရည်ပျော် လာခဲ့သည်။

ဝူဟောင်ကျင့်ကြံသော မူလချီက ရှောင်ထျန်းရွမ်နှင့် အနည်းငယ် ဆင်တူပေသည်။         အနက်ရောင် လူငယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး “ငါဒီကိုလာတာ မင်းနဲ့ တိုက်ခိုက်ဖို့ မဟုတ်ဘူး မင်းနဲ့ ပူးပေါင်းရအောင် လို့ပဲ”

“ပူးပေါင်းဖို့ အတွက်လား” ဝူဟောင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

ယဲ့မင်လို့ ခေါ်သော လူငယ်က ပြန်ဖြေခဲ့သည်။ “ငါမင်းနဲ့ ဇူရှောင်ယိုတို့ရဲ့ တိုက်ပွဲကို ငါမြင်ခဲ့တယ်”

ဝူဟောင်မှာ အနည်းငယ် ထိတ်လန့်သွားသည်။ သူတို့ တိုက်ခိုက်စဉ်က အနီအနား၌ တစ်စုံတစ်ယောက် ပုန်းနေသည်ကို မခံစားမိပေ။ ကြည့်ရတာ ယဲ့မင်ထံတွင် ထူးခြားသော စွမ်းရည်အချို့  ရှိပုံပဲ။

“မင်းအဲတာကို မသိခဲ့ဖူးမလား။ ဟီး … ဟီး။ ဒါပေမဲ့ ဇူရှောင်ယွမ် ကတော့ သိခဲ့တယ်။ ဒါကြောင့်မလို့ သူမက သူရဲ့ စွမ်းအားတွေ အားလုံးကို အသုံးပြုပြီး မင်းကို မတိုက်ခိုက်တာပဲ” ယဲ့မင်က တုန်ယင်နေသော အသံဖြင့်ပြောသည်။

“အဲအရာက အမှန်တကယ်ပဲ။ ကန်မင်တိုက်ကြီးမှာ ဒီလို ပါရမီရှင်မျိုး ရှိလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး” ယဲ့မြင်က အနည်းငယ်ပြုံးရင်း ပြောလိုက်သည်။

ဝူယောင်ကတော့ မျက်နှာ အမူအရာ ကင်းမဲ့လျက်။

“ငါကြားခဲ့တာတော့ ဇူရှောင်ယိုက မင်းရဲ့ ထာဝရ ရန်သူကြီး ဇူယွမ်နဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်ဆို။ ဒါကြောင့်မလို့ သူက မင်းကိုဆန့်ကျင်ပြီး တိုက်ခိုက်တာပဲ” ယဲ့မင်က ဖြေးညင်းစွာ ဆက်ပြောသည်။ “သူက အင်အားကြီးမားတယ် ဆိုပေမယ့် ငါတို့သာ ပူးပေါင်းမယ်ဆို သူ့ကို အလွယ်လေး ရှင်းထုတ်နိုင်မှာပါ”

“ဒီပူးပေါင်းမှုက မင်းအတွက် အရေးကြီးမယ်လို့ ငါခံစားမိတယ်” ဝူဟောင်၏ မျက်နှာ အမူအရာက လွန်စွာလေးနက် နေသည်။ သူက ဒီကမ်းလှမ်းချက်ကို အနည်းငယ် စိတ်ဝင်စားနေသည်။ ဇူရှောင်ယိုက အလွန်လျှို့ဝှက် ဆန်းကြယ်ပြီး အချိန်ကြာလာ သည်နှင့်မျှ ကြီးမားသော ပြဿနာကြီး ဖြစ်လာနိုင်သည်။

သည် တုံးရွှမ်တိုက်ကြီးက လူတွေနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းက ကန်မင်တိုက်ကြီးမှ ဂုဏ်ယူရသော ပါရမီရှင် များကို ဒေါသထွက် စေနိုင်​သော်လည်း ထိုကိစ္စက ဝူဟောင်အတွက် စဉ်းစားရမည့် အချက်မဟုတ်ပေ။ ထိုသူများက သူအင်အား ကြီးလာရန် ချနင်းရမည့် လှေကားထစ်များသာ ဖြစ်သည်။

ဝူဟောင်က အသံကို နိမ့်ပြီးပြောလိုက်သည်။

“ဇူရှောင်ယိုဆီမှာ မူလချီတွေ မရှိသော်လည်းပဲ သူက လုံးဝကို ပဟေဠိဆန်တယ် ငါတို့သူ့ကို အနိုင်ယူ ခဲ့နိုင်ရင်တောင် ငါတို့သူ့ကို အပြတ် မရှင်းနိုင်လောက်ဘူး”

“ငါတို့နှစ်ယောက်နဲ့ မလုံလောက်ဘူး ဆိုရင် နောက်ထပ်လေးယောက် ထပ်ပေါင်းလိုက်ရင် ဘယ်လိုလဲ” ယဲ့မင်က တောက်ပစွာ ပြုံးရင်း ပြောလိုက်သည်။

ထိုစကားတွေကို ပြောပြီးတဲ့ အချိန်မှာ ဝူဟောင်က ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော မူလချီ စွမ်းအားများကို အာရုံခံ လိုက်မိသည်။ နောက်ထပ် ပုံရိပ်လေးခုက ကောင်းကင်ထက်သို့ ထိုးတက်လာပြီး သူ၏ ပတ်ပတ်လည်တွင် လာရပ်သည်။

ထိုလေးယောက်မှ အလွန်အမင်း ငယ်ရွယ်ပြီး သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မူလချီများက ၀ူဟောင်၏ မျက်ဝန်းများကိုပင် ကျဉ်းမြောင်းသွားစေသည်။ သူတို့ လေးယောက်လုံး၏ စွမ်းအားများမှာ မျက်ကန်းဓားထက် အားမနည်းပေ။

ကြည့်ရသည်မှာ ကြီးမြတ်သော ကောင်းချီးအတွက် တုံးရွှမ်တိုက်ကြီးမှ သူများက သေချာပြင်ဆင် လာဟန်ရသည်။

ဝူဟောင်၏ မျက်နှာ အမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။ သူ၏အနားတွင် လူငါးယောက် ဝန်းရံထားသော်လည်း သူ့အနေဖြင့် ကြောက်ရွံ့ခြင်း လုံးဝမရှိပေ။ သူထွက်သွားချင်လျှင် သာသာယာယာပင် ထွက်သွားနိုင်ပေသည်။

ဝူဟောင်က ဖြည်းညင်းစွာ ပြောလိုက်သည်။

“အခုလို ဆိုရင်တော့ လုံလောက်ပြီလို့ ငါယုံကြည်တယ်”

သူတို့လူစု အင်အားနှင့်ဆိုလျှင် ဇူရှောင်ယို အနေဖြင့် မည်မျှပင် လျှို့ဝှက်ဆန်းကြယ် နေပါစေ သူတို့၏ လက်မှ လွတ်မြောက်ရန် မည်သို့မှ မဖြစ်နိုင်တော့ပေ။

ယဲ့မင်က ကောက်ကျစ်တော့မည် ဟန်ဖြင့် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ပြီး “ဒါဆို ငါတို့တွေအနေနဲ့ ယာယီမဟာမိတ် ဖွဲ့ထားကြမယ်။ ဒါပြင် ဒီကိစ္စ ပြီးတာနဲ့ ငါတို့မင်းဆီက အကူအညီ လိုအပ်သေးတယ်”

ဝူဟော ငါက မေးလိုက်သည်။ “ဘာများလဲ …”

“ဒီအဖွဲ့က မင်းတို့ ကန်မင်တိုက်ကြီးက အရွေးချယ်ခံ ပါရမီရှင် တွေနဲ့ တိုက်ခိုက်ဖို့ စိတ်ဝင်စားတယ် … ပြီးတော့ သူတို့ကို အသုံးပြုပြီးတော့ ဒီကလူတွေရဲ့ နာမည်တွေကို သူတော်စင်ကျောက်ပြား ပေါ်မှာ ပေါ်ထွက်စေမယ်”

ဝူဟောင်က သာမန်မျှသာ ပြန်ပြောလိုက်သည် “ငါဒါကို ကူညီနိုင်တယ်” ယဲ့မင်က ဝူဟောင်ကို ပြုံးလျက်ကြည့်ပြီး မေးလိုက်သည်။ “ငါတို့ တုံးရွှမ်တိုက်ကြီးက လူတွေ ထိပ်ဆုံးနေရာကို ရရှိသွားမှာ မင်း စိတ်မပူဖူးလား”

ဝူဟောင်က ခဏမျှ စဉ်းစားပြီး … “ငါနဲ့ ဘယ်သူ ယှဉ်လုရဲလဲ”

ယဲ့မင်က ရုတ်တရက် ဆွံ့အသွားသော်လည်း ခဏအကြာမှာ ရယ်မောလိုက်ပြီး

“ငါတို့ ပူးပေါင်းမှုက ကျေနပ်မှု ရမယ်လို့ မျှော်လင့်လို့”

Comment

Leave a Reply

Options

not work with dark mode
Reset