ဝေါင်း…
လေမိုးကြိုးသားရဲက မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်ပြီး မူလချီတွေက သူ၏ခန္ဓာကိုယ်မှ ထိန်းမရသိမ်းရ ရုတ်ရင်း ကြမ်းတမ်းစွာ ထွက်ပေါ်လာပြီး သူသည် ရွှံ့ပုံထဲမှ ရုန်းထွက်ဖို့ ကြိုးစားနေဟန် ရသည်။
“အားလုံး ထိန်းထား နောက်မဆုတ်ကြနဲ့” ရှောင်ထျန်းရွှမ် မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာပြီး လေမိုးကြိုး သားရဲကို စိုက်ကြည့် လိုက်သည်။ သားရဲသည် သားရဲသာဖြစ်ပြီး ဉာဏ်မရှိသည့် အတွက် တိုက်ခိုက် အနိုင်ယူရန် လွယ်ကူလွန်း လှပေသည်။
သူတော်စင် အကြွင်းအကျန် အဖွဲ့သားတွေ၏ နှလုံးသားတွင် ယုံကြည်မှုများ မြင့်တက် လာသည်။ ရှောင်ထျန်းရွှမ်၏ ဆန်းကြယ်လေးလံရွှံ့က သားရဲ၏ စွမ်းအားကို ထက်ဝက် လျှော့ချပေး နိုင်သည်။
“အတူတူ တိုက်ကြ”
ကောင်းကင် တံခါးအဆင့် သုံးဆယ်ယောက်လုံးက ကြွေးကြော် လိုက်ကြပြီး သူတို့ ခန္ဓာကိုယ်ထဲမှ မူလ စွမ်းအင်များက သူတို့လက် အတွင်းရှိ လက်နက်များထံသို့ စီးဆင်းသွားပြီး အန္တရာယ် အငွေ့အသက်များ ထွက်ပေါ် လာသည်။
သတ် …
သူတို့၏ အရှေ့သို့ ပစ်လွှတ်လိုက်ပြီး ရုတ်ရင်း ကြမ်းတမ်းသော မူလ ကျင့်စဉ် စွမ်းအားများဖြင့် အဆင့် ၄ လေမိုးကြိုးသားရဲအား တိုက်ခိုက် လိုက်ကြသည်။
ဘုန်း … ဘုန်း …
အင်အား ကြီးမားလှသည့် မူလ စွမ်းအင်များသည် လေမိုးကြိုးသားရဲသို့ ထိမှန်သွားပြီး နောက်သို့ တစ်လှမ်းပြီး တစ်လှမ်း နောက်သို့ ဆုတ်သွားစေသည်။
လေမိုးကြိုးမှာ ဒေါသ အမျက်ချောင်းချောင်း ထွက်သွားပြီး လေနှင့် မိုးကြိုးများက သူ့ခန္ဓာကိုယ် တစ်လျှောက် လှည့်ပတ်လာပြီး အရှေ့သို့ တိုးထွက်လာသည်။ သို့သော်လည်း ဆန်းကြယ်လေးလံရွှံ့ အတွင်းမှာ သူ့တိုက်ခိုက်မှု အားလုံး နှစ်မြှုပ်သွားပြီး လူသားများအား မထိမှန်နိုင်တော့ပေ။
ဝှစ်…
လေမိုးကြိုးသားရဲက ကောင်းကင်တံခါး အုပ်စုကို တိုက်ခိုက်ရန် အတွက် အာရုံစိုက်နေစဉ် အတွင်း ရှောင်ထျန်းရွှမ်က အနောက်မှာနေ၍ အခွင့်အရေး ရှာနေသည်။ ကျောက်ရည်ပူများက မီးနတ်ဆိုး လှံတံတွင် စတင် စီးဆင်းလာပြီး ရုတ်တရက် မြေပြင် ကျောက်ရည်ပူများ ပေါက်ကွဲ ထွက်လာသကဲ့သို့ အရှေ့သို့ ရုတ်တရက် ပစ်လွှတ်လိုက်သည်။
စွပ်…
မီးနတ်ဆိုးလှံတံ မီးနတ်ဆိုးလှံတံက လေမိုးကြိုးသားရဲ၏ ခန္ဓာကိုယ် အတွင်းသို့ စိုက်ဝင်သွားပြီး ခန္ဓာကိုယ် တစ်လျှောက်ထွက်လာပြီး ဒဏ်ရာ အတွင်းသို့ ကျောက်ရေပူများ စီးဆင်း သွားသည်။
ဝေါင်း …
ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်သံ ထွက်ပေါ်လာပြီး လေမိုးကြိုး သားရဲက သူဆီသို့ တိုက်ခိုက်လာသော ရှောင်ထျန်းရွှမ်ကို စိုက်ကြည့် လိုက်သည်။
ရှောင်ထျန်းရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် မူလချီများကြောင့် သူ့၏ အဝတ်အစားများက တဖျပ်ဖျပ် လွင့်နေပြီး လေမိုးကြိုးသားရဲ၏ ကုတ်ချက်ကို ယိမ်းနွဲ့ကာ ရှောင်တိမ်း လိုက်သည်။
သူက သားရဲကြီး၏ အနီးအနားမှာပင် ရပ်တန့်လိုက်ပြီး ဒေါသတကြီး တိုက်ခိုက်ဖို့ရန် ကြိုးစားနေသည့် သားရဲကြီးအား ကြည့်လိုက်သည်။ အဆင့်မြင့် အနက်ရောင် အဆင့် မီးနတ်ဆိုး လှံတံကြောင့် ရရှိလာသည့် သူ၏ ဒဏ်ရာမှာ လွန်စွာနက်ပြီး သွေးများဖြင့် စိုရွှဲနေသည်။
အခြားသော အဖွဲ့အဝင်တွေက သူတို့၏ ချီများကို ထုတ်ဖော်လျက် အကွာအဝေး တစ်ခုမှ လေမိုးကြိုး သားရဲ၏ အဆုံးသတ်ကို စောင့်ကြည့် နေကြသည်။
ဒီအခြေအနေ အားလုံးက သူတော်စင်အဖွဲ့၏ ထိန်းချုပ်မှုအောက် ရောက်နေပြီ ဖြစ်သည်။
များစွာသော အကြည့်များက ရှောင်ထျန်းရွှမ်ကို လေးစားစွာ ကြည့်နေကြသည်။ ရှောင်ထျန်းရွှမ်၏ လုပ်နိုင်စွမ်းက အမှန်ပင် အံ့အားသင့်ဖွယ် ကောင်းလှပေသည်။
ဇူယွမ်ကလည်း ခေါင်းညိတ်လိုက်ပြီး သူတို့၏ အောင်မြင်မှုကို အသိအမှတ် ပြုလိုက်သည်။
“သူတို့က ကောင်းမွန်စွာ ကြိုတင်ပြင်ဆင် ထားပြီးတော့ အဆင့်မြင့်သူ အများကြီး ရှိတယ်။ …ငါ အဆင့်လေး သားရဲကို လွယ်လွယ်ကူကူ မသတ်နိုင်မှာကို စိုးရိမ်မိတယ်။ ဇူယွမ်က ရေရွတ်လိုက်သည်” သူ၏ မျက်လုံးများမှာ တိုက်ခိုက်ဖို့ရန် အင်အား မကျန်တော့သည့် လေမိုးကြိုး သားရဲကြီးအား ကြည့်ပြီး ဝမ်းနည်းနေဟန် ရသည်။
ဆန်းကြယ်လေးလံရွှံ့က အမှန်တကယ်ပင် ဒုက္ခပေးနိုင်စွမ်း ရှိပေသည်။ ထိုအရာက လေမိုးကြိုးသားရဲ၏ လှုပ်ရှားမှုများကို အပြည့်အဝ ထိန်းချုပ် ထားနိုင်သည်။
ဝေါင်း …
သည်အချိန်မှာ ဇူယွမ်က သူ၏ခေါင်းကို လျင်မြန်စွာ လှည့်ပြီး ကြည့်လိုက်သည်။ တိုက်ပွဲ အခြေအနေက ပြန်ပြောင်းလဲသွားပုံ ရသည်။ ဟိန်းသံနှင့်အတူ လေမိုးကြိုး သားရဲကြီး၏ ခန္ဓာကိုယ်တွင် မိုးကြိုးများက ဝန်းရံ ကခုန်နေပြီး သူ တစ်ဖန် စိတ်အား တက်ကြွလာပုံ ရသည်။
သူ၏ ခန္ဓာကိုယ်က ပေပေါင်း နှစ်ဒါဇင်ခန့်ပိုပြီး ကြီးထွားလာပြီး ယခု တောင်ကုန်း တစ်ကုန်း အလား တည်ရှိနေပေသည်။
ဘန်း … ဆန်းကြယ်လေးလံရွှံ့စေးအား သူ့ခန္ဓာကိုယ်နှင့် ထိုးကာ ဖျက်ဆီးခဲ့ပြီး သူ့ခန္ဓာကိုယ်မှ ထွက်သည့် အညစ်ကြေးအလား အောက်သို့ ပြုတ်ကျသွားသည်။
“ချီးပဲ…။ သူ ဆန်းကြယ်လေးလံရွှံ့ရဲ့ ထိန်းချုပ်မှုကနေ လွတ်သွားပြီ” ကြောက်ရွံ့နေဟန် အသံတစ်ခု ထွက်ပေါ်လာသည်။ ဝှစ်…
လေမိုးကြိုး သားရဲကြီးက မထင်မှတ်ထား လောက်သော အမြန်နှုန်းနဲ့ အနောက်မှာ ရှိနေသော အဖွဲ့ဝင် အချို့ထံ ရောက်ရှိသွားသည်။ ရက်စက်မှုတွေက သူ၏ မျက်လုံးတွင် ဖြတ်သန်း သွားပြီး လေနှင့် မိုးကြိုးများက လေထုကို ထက်ခြမ်းခွဲလျက် သွားတိုက်ခိုက်သည်။
ဘန်း…
ပါရမီရှင် ငါးယောက်က စုတ်ပြတ်သတ် သွားပြီး ကြောက်လန့်ဖွယ် ကောင်းအောင် အော်ဟစ် လိုက်သည်။
လူစုနှင့် သားရဲတို့၏ တိုက်ပွဲက ပြန်ပြောင်းလဲသွားပြီး သားရဲကြီးက ဖြည်းညင်းစွာ လမ်းလျှောက်ရင်း အမဲ ဆက်လိုက်နေသည်။ ခဏအတွင်းမှာ နောက်ထပ် ကောင်းကင်ဘုံတံခါး ထိပ်ဆုံးအဆင့် တစ်ယောက် အသတ်ခံလိုက်ရ ပြန်သည်။
“မျိုးမစစ်ကောင်…”
ရှောင်ထျန်းရွှမ်၏ အသွင်အပြင်မှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
“ကောင်းကင်ဘုံငယ် ကျင့်စဉ်ကို အသုံးပြုလိုက်ပြီ ထင်တယ်”
သည်မြင်ကွင်းကို တွေ့သည်နှင့် ကျန်ရှိနေသေးသည် သူတော်စင် အကြွင်းအကျန် အဖွဲ့သားများမှာ ထိတ်လန့်စွာ အော်ဟစ် လိုက်ကြသည်။
လေမိုးကြိုးသားရဲက သူ၏ကြီးမားလှသော ပါးစပ်ကြီးအား ဟလိုက်သည်နှင့် မိုးကြိုးနှင့်နှင့် လေစွမ်းအားများ ပါဝင်နေသည့် စွမ်းအင်လုံးတစ်ခု စုစည်း ဖြစ်ပေါ်လာသည်။ ထိုစွမ်းအင်လုံးအား ပစ်လွှတ်လိုက်သော အချိန်တွင် ပတ်ဝန်းကျင်ပင် မငြိမ်မသက် ဖြစ်သွားသည်။
ဝေါင်း …
ထိုစဉ် နောက်ထပ် လေအလင်း အစိမ်းရောင် စွမ်းအင်လုံး တစ်ခုက သားရဲ၏ ပါးစပ် အတွင်းတွင် ထပ်မံထွက်ပေါ် လာပြန်သည်။ မိုးကြိုးများက ဒေါသတကြီး ပါဝင်နေပြီး လေစွမ်းအင်များက တဟူးဟူး တိုက်ခတ်လျက်ရှိပြီး ထိုနှစ်ခု ထိတွေ့သောအခါ မိုးချုန်းသံများ မြည်ဟိန်းလျက် ရှိသည်။
အစိမ်းနက်ရောင် စွမ်းအင်လုံးတစ်ခုက မိုးကြိုးတစ်ခုလို ပစ်လွှတ် လိုက်ပြန်သည်။ လျင်မြန်စွာပင် ရှောင်ထျန်းရွှမ်၏ ရှေ့သို့ ရောက်ရှိ သွားသည်။
အစိမ်းရောင် စွမ်းအင်လုံးက သူ၏မျက်စိရှေ့ အတွင်းသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ သို့သော်လည်း သူက အံကြိတ်လိုက်ပြီး သူ၏ လည်ပင်းတွင် ဆွဲထားသော ကျောက်စိမ်း လည်ဆွဲအား ဆွဲထုတ် လိုက်သည်။
ရှေးကျပြီး အံ့အားသင့်ဖွယ် ကောင်းသော အစီအရင် တစ်ခုက ကျောက်စိမ်း လည်ဆွဲဆီမှ ထွက်ပေါ်လာသည်။
ကျောက်စိမ်းပြားကို အသုံးပြုလိုက် ရသည့်အတွက် သူ၏မျက်နှာတွင် အလွန်အမင်း ကြေကွဲနေပုံ ရသည်။
သူ့လည်ဆွဲဆီမှ အလင်းတန်းတွေ ထွက်ပေါ်လာပြီး သူ၏ရှေ့တွင် အလင်းဒိုင်းကာ တစ်ခု ဖြစ်ပေါ်လာသည်။ ထိုဒိုင်းကာမှာ ပါးလွှာသော်လည်းပဲ လွန်စွာမှ တောက်ပလွန်း လှပေသည်။
ဘုန်း …
အစိမ်းနက်ရောင် မိုးကြိုးလုံးက ရောက်ရှိလာပြီး ဒိုင်းကာနှင့် သွားရောက် ထိမှန်သည်။
ဘုန်း …
အားလှိုင်းတွေက ရုန့်ရင်းစွာ ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားသည်။
ဇူယွမ်က အားလှိုင်းတွေကို ခုခံတိုက်ပြီးနောက် သူ၏ အကြည့်က လေမိုးကြိုးသားရဲထံ ရောက်ရှိသွားပြီး သူ၏ မျက်နှာ အမူအရာမှာလည်း လေးနက် သွားတော့သည်။
“ဒါက မူလ ကောင်းကင်ဘုံငယ် ကျင့်စဉ်ရဲ့ စွမ်းအားလား။ တကယ်ကို ကြောက်ဖို့ ကောင်းတာပဲ”
“အထွတ်အထိပ်အဆင့် အနက်ရောင် မူလကျင့်စဉ် စွမ်းအားထက်ကို အများကြီး သာလွန်တယ်”
ဇူယွမ်က မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်သည်။ ဒီမူလ ကောင်းကင်ဘုံငယ် ကျင့်စဉ်က တကယ်ကို စွမ်းအားပြည့်ဝတာပဲ ဝူဟောင်နဲ့ အခြား လက်ရွေးစင်တွေ ဆိုလည်း ဒီတိုက်မှုကို ခံရရင် လွင့်စဉ်သွားမှာပဲ။ ဒါကြောင့် သူသာ ဒီ အဆင့်နိမ့် ကောင်းကင်ဘုံ မူလကျင့်စဉ်ကို ရရှိခဲ့ရင် သည်လက်ရွေးစင် ပါရမီရှင်တွေနဲ့ ထပ်တွေ့လျှင် အန္တရာယ် ကောင်းကောင်း ပေးနိုင်သူ ဖြစ်သွားမည် ဖြစ်သည်။
ဇူယွမ်က ပြတ်သားစွာ ကြေညာလိုက်တယ် “ငါလည်းပဲ ဒီလို တစ်ခုလိုတယ် မဟုတ်ရင် တကယ် တိုက်ခိုက်ရတဲ့ အခါကျ ဒီအရာက ငါ့အတွက် အားနည်းချက် ဖြစ်နေလိမ့်မယ်”
ဇူယွမ်က သူ့ခေါင်းကို တစ်ဖက်သို့ လှည့်၍ ရှောင်ထျန်းရွှမ်ကို ကြည့်ပြီး ရေရွတ် လိုက်သည်။ … “ရှောင်ထျန်းရွှမ်က မြို့စားလေး ဖြစ်တဲ့အတွက် သူ့မှာ သူ့ကိုယ်သူ ကာကွယ်ဖို့ ရတနာတွေ အများအပြား ရှိတာပဲ”
ရှောင်ထျန်းရွှမ်၏ ရှေ့တွင်ရှိသော အလင်းဒိုင်းမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ကြည့်ရသည်မှာ ထိုအရာက တစ်ကြိမ်သာ အသုံးပြု၍ ရသော မူလရတနာ ဖြစ်ပုံရသည်။ မဟုတ်လျှင်တော့ ထို့အရာက လေမိုးကြိုးသားရဲ၏ ကောင်းကင်ဘုံငယ် ကျင့်စဉ်စွမ်းအားကို ထပ်မံ မကာကွယ် နိုင်တော့သည် များလား။
ဖုန်များ ကင်းရှင်းသွားသည့် အချိန်တွင် ရှောင်ထျန်းရွှမ် အနေဖြင့် မည်သည့်ဒဏ်ရာမှ မရနေခြင်းကြောင့် အားလုံးက စိတ်သက်သာရာရစွာ သက်ပြင်း ချလိုက်ကြသည်။
ရှောင်ထျန်းရွှမ်၏ မျက်နှာ အမူအရာမှာ လွန်စွာ တင်းမာနေသည်။ ထိုအရာကို ဝယ်ဖို့အတွက် သူ့အဖေက တန်ဖိုးကြီးကြီး ပေးဆပ်ထားရပြီး ထိုအရာက အဆင့်လေး မူလစဦး ကျင့်ကြံသူ တစ်ဦး၏ အင်အားပြည့်ဝတဲ့ တိုက်ခိုက်မှုကို တောင်မှ တစ်ကြိမ် ကာကွယ် ပေးနိုင်သည်။
“ငါတို့ အရာအားလုံး ပေးဆပ်ရပြီး နောက်မှာ ဒီသားရဲကို သတ်ပြီး အဆင့်နိမ့် ကောင်းကင်ဘုံငယ် ကျင့်စဉ်ကို ရရှိမယ်ဆို ငါတို့အတွက် တန်တယ်” အကြင်နာမဲ့ ရက်စက်ခြင်းများက ရှောင်ထျန်းရွှမ်၏ မျက်လုံးထဲတွင် ဖြတ်သန်း သွားသည်။ သူက ဟိန်းဟောက်နေသည့် လေမိုးကြိုး သားရဲကြီးကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် သူ၏လက်ထဲတွင် အပြာနက်ရောင် ကျောက်စိမ်းပြား တစ်ခု ပေါ်လာသည်။
ကျောက်စိမ်းပြားကို ပစ်လွှတ် လိုက်ပြီးနောက် မြေပြင် အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။
ဝုန်း…
သည်အချိန်မှာ မြေပြင်က စတင် တုန်ခါလာပြီး လေမိုးကြိုးသားရဲ၏ ဘေးပတ်ပတ် လည်တွင် ဆူးချွန်များ ထွက်ပေါ်လာကာ မြေကမ္ဘာ အကျဉ်းထောင် တစ်ခုအဖြစ် လေမိုးကြိုးသားရဲအား ပိတ်လှောင် လိုက်သည်။
ထိုမြေကြီး ဆူးချွန်များမှာ အလွန်အမင်း ထက်ရှနေပြီး လေမိုးကြိုးသားရဲ၏ ခန္ဓာကိုယ်ကို ခြစ်မိကာ သွေးများဖြင့် ရွှဲနစ်နေတော့သည်။ ထို့အပြင် ကမ္ဘာမြေကြီး၏ ဆွဲငင်အားကလည်း ထွက်ပေါ်လာပြီး လေမိုးကြိုးသားရဲ၏ အမြန်နှုန်းကို လျော့ကျစေသည်။
“အဲဒီကောင်ကို သတ်တော့ …” ရှောင်ထျန်းရွှမ်က အချိန် ထပ်မဆွဲနေတော့ပေ။ သူ၏လက်ကို ဝှေ့ယမ်း လိုက်သည်နှင့် ကျန်ရှိနေသေးသည့် ပါရမီရှင်များက သားရဲ၏ အားအနည်းဆုံး နေရာများကို ပစ်မှတ်ထား၍ တိုက်ခိုက် လိုက်ကြသည်။
ထိုအချိန်တွင် လေမိုးကြိုး သားရဲကြီးမှာ သူတို့၏ ထိန်းချုပ်မှု အတွင်းသို့ ကျရောက်နေပြီး မကြာခင် ဖြည်းညင်းစွာ တိုက်ခိုက် ရုန်းကန်ရင်း သေဆုံးတော့မည် ဖြစ်သည်။
ဇူယွမ်က ထိုအခြင်းအရာကို မြင်တဲ့အချိန်မှာ အကူအညီပေးခြင်း မရှိဘဲ မှတ်ချက် ပေးလိုက်သည်။
“ဘယ်လောက်တောင် ချမ်းသာလိုက်သလဲ”
မူလ မှော်စာလုံးတွေနှင့် ကျောက်စိမ်းပြားက တစ်ကြိမ်သာ အသုံးပြုနိုင်သော်လည်း ထိုအရာက အဆင့်လေး မူလမှော်စာလိပ်ထက် ဈေးကြီးမည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာကို ထုတ်လုပ်ရန် လွန်စွာ ခက်ခဲ ရှုပ်ထွေးသောကြောင့် ဖြစ်သည်။
ကြည့်ရသည်မှာ ဇူယွမ်အနေဖြင့် ရှောင်ထျန်းရွှမ်အား လျှော့တွက်မိပုံ ရသည်။ ကံကောင်းစွာပင် လေမိုးကြိုးသားရဲက သူ့ကို ကူညီပြီး သူ့လက်ရှိ ဝှက်ဖဲများကို စုံစမ်းပေးခဲ့သည်။ တစ်နည်းအားဖြင့် ထိုအပြာနှင့် အနက်ရောင်က မြို့စားလေး၏ နောက်ဆုံးဝှက်ဖဲများ ဖြစ်ဟန်ရသည်။
“အချိန်ကျပြီပဲ။ ဟုတ်တယ်မလား …”
ရှောင်ထျန်းရွှမ်က တဖြည်းဖြည်း နောက်ဆုတ်နေပြီ ဖြစ်သည်။
ဇူယွမ်က မတ်တတ် ထရပ်လိုက်ပြီး တောက်ပစွာ ပြုံးလျက် တိုက်ပွဲကို ဆက်လက် ကြည့်ရှုနေသည်။ ရှောင်ထျန်းရွှမ် …
“ကြည့်ရတာ ငါ့အတွက် အချိန် ရောက်လာပြီပဲ”